တစ်ခါတုန်းက “ကဿက”အမည်ရှိတဲ့လှိုဏ်ဂူမှာ သီတင်းသုံးနေတဲ့ အယျမိတ္တမထေရ်မြတ်ကို
ဆွမ်းခံရွာမှာရှိတဲ့ ဒကာမကြီးတစ်ယောက်က သားအရင်းလိုသဘောထားပြီးပြုစုလုပ်ကျွေးပါတယ်။
တစ်နေ့မှာတော့ ဒကာမကြီးက တောထဲအလုပ်ကိစ္စနဲ့ သွားခါနီးမှာ သမီးကို မှာနေတာက
“သမီးရေ…ဟိုနေရာမှာ ဆန်ကောင်းရှိတယ်။ ဟိုနေရာမှာ ထောပတ်တို့၊ နွားနို့တို့၊ တင်လဲတို့ရှိတယ်။
ရဟန်းအယျမိတ္တကြွလာတဲ့အခါ ဆွမ်းချက်ပြီး နွားနို့၊ထောပတ်၊တင်လဲတွေနဲ့ လောင်းလှူလိုက်ပါ။
ကျန်တာကို သမီးလဲစားပေါ့။
အမေတော့ မနေ့ကကျန်တဲ့ ထမင်းကြမ်းကို ပုံရည်ဟင်းနဲ့စားသွားတော့မယ်။”လို့မှာကြားတယ်။
သမီးက“အမေ နေ့လည်ပြန်လာတော့ ဘာနဲ့စားမလဲ?”လို့ပြန်မေးတော့
“ဟိုနားမှာရှိတဲ့ ဆန်ကွဲလေးတွေနဲ့ ဟင်းရွက်ကိုထည့်ပြီး ယာဂုချဉ်ကျိုထားလိုက်ပေါ့
သမီးရဲ့။”လို့ပြန်ပြောပါသတဲ့။
ဆွမ်းခံထွက်ဖို့ သပိတ်သင်္ကန်းကိုပြင်နေတဲ့ မထေရ်မြတ်က
ဒကာမကြီးမှာနေတဲ့ အသံကိုလည်း ကြားလိုက်ရော
“ကြည့်စမ်း…..ဒကာမကြီးက ပုံရည်ဟင်းနဲ့ထမင်းကြမ်းကိုစားမှာတဲ့။
နေ့လည်စာကိုလည်း ဟင်းရွက်စပ်ပြုတ် ယာဂုချဉ်ကိုစားမယ်တဲ့။
ငါ့အတွက်ကိုတော့ စားသောက်ဖွယ်အကောင်းစားတွေ စီစဉ်မှာကြားနေတယ်။
ဒီဒကာမကြီးဟာ လောကီစည်းစိမ်ဥစ္စာတွေကို တောင့်တပြီး ငါ့ကိုလှူဒါန်းနေတာမဟုတ်ဘူး။
နိဗ္ဗာန်အထိ ပြည့်စုံမှုကိုရည်မှန်းပြီး လှူဒါန်းနေရှာတာ။
ဒကာမကြီးရဲ့အလှူကအလွန်မြင့်မြတ်တဲ့ “ဒက္ခိဏ”ဆိုတဲ့ အလှူမျိုးဖြစ်တယ်။
ငါဟာမြင့်မြတ်တဲ့အလှူ (ဒက္ခိဏ)ကို အလှူခံထိုက်တဲ့ “ဒက္ခိဏေယျ”ဂုဏ်နဲ့ပြည့်စုံပါရဲ့လား”လို့
ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး “ငါဟာ ဒီလိုဆွမ်းကို ဒေါသ၊ မောဟတွေရှိနေတဲ့ စိတ်နဲ့ခံဖို့ မသင့်ဘူး။”လို့
ဆုံးဖြတ်ပြီးတော့မှ မိမိသီတင်းသုံးနေတဲ့ ကဿက ဂူထဲပြန်ဝင်၊ သပိတ်သင်္ကန်းတို့ကို
မူလနေရာမှာ ပြန်ထားပြီး
“ငါဟာ အရဟတ္တဖိုလ်ပေါက် “ဒက္ခိဏေယျ”ဂုဏ်မမြောက်သမျှ လိုဏ်ဂူထဲက မထွက်တော့” လို့
အဓိပတိတတ်တဲ့ စိတ်ဓာတ်နဲ့အခိုင်အမာဆုံးဖြတ်ပြီး ဝီရိယာဓိပတိနဲ့ ကြိုးစားအားထုတ်လိုက်တာ
အရင်ကလည်း နေ့၊ည မပြတ် သတိပဋ္ဌာန်တရားနဲ့ ပွားများခဲ့တဲ့ ဓာတ်ခံရှိလေတော့
ဆွမ်းစားချိန်မတိုင်ခင်မှာပဲ အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်ရောက်သွားပါတယ်။
မြတ်စွာဘုရားရှင်က
သံဃာတွေဟာ ပစ္စည်းလေးပါးကို ဘုဉ်းပေးသုံးဆောင်ပြီး
သာသနာတော်လည်း တည်တန့်အောင်၊
မိမိအတွက်လည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်ဆိုတဲ့
သာသနဗြဟ္မရိယ၊ မဂ္ဂဗြဟ္မစရိယကို ကျင့်နိုင်လိမ့်မယ်၊
ကျင့်ပြီး ဝဋ်ဆင်းရဲကထွက်မြောက်လိမ့်မယ်”လို့ သိမြင်ပြီး ခွင့်ပြုခဲ့တာဖြစ်တယ်။
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)