တောသူဖြစ်တဲ့ မယဉ်ကျေးဟာ
အလွန်လှပတဲ့အပျိုချောလေးဖြစ်ပါတယ်။
သူမဟာ မျက်လုံးပြာပြာနဲ့၊
ပါးမို့မို့ကနီးမြန်းနေပါတယ်။
ဆံပင်ကလည်း ရွှေရောင်နဲ့မို့
အလွန်ချောမောသူလေးဖြစ်ပါတယ်။
တစ်နေ့တော့
နွားနို့ပုံးတစ်ပုံးကို ခေါင်းပေါ်မှာ ရွက်ထားရင်း
လမ်းလျှောက်လာပါတယ်။
သူမဟာ မိဘများရဲ့ နွားနို့များကို လိုက်ပို့ရသူဖြစ်တယ်။
တစ်နေ့တော့
သူမဟာ နွားနို့ပုံးကိုသယ်လာရင်း စိတ်ကူးယဉ်နေပါတယ်။
ရွာထဲက လူငယ်လေးတွေက သူမကို ဝိုင်းဝိုင်းလည်
ကြည့်နေကြတာကိုသိပြီး ဝမ်းသာနေပါတယ်။
မြို့ကို သွားရောင်းဖို့ နွားနို့ပုံးကို ခေါင်ပေါ်ရွက်ရင်း
အမျိုးမျိုးစိတ်ကူးယဉ်နေပါတယ်။
နွားနို့ရောင်းရငွေနဲ့ ကြက်ဥ လေးဒါဇင်ဝယ်မယ်၊
အဲဒီကြက်ဥတွေကို အိမ်ပြန်ယူလာပြီး ကြက်မလေးကောင်နဲ့ ဝပ်ခိုင်းမယ်။
နောက်သုံးပတ်ကြာတဲ့အခါမှာတော့ ကြက်ကလေး (၄၈)ကောင် ပေါက်လာမယ်။
အဲဒီကြက်ကလေးတွေကို ဒီဇင်ဘာလ-(ခရစ်စမတ် )အထိ မွေးထားမယ်။
ရောင်းလိုက်ရင် ငွေတွေအများကြီးရမယ်။
အဲဒီငွေတွေနဲ့ အဝတ်အစားလှလှတွေ ဝယ်ဝတ်လိုက်မယ်။
အဲဒီလို ဝတ်လိုက်တဲ့အခါမှာတော့ ရွာထဲက လူငယ်လေးတွေက
“အို…မယဉ်ကျေးက သိပ်ချောတာပဲ၊
ကျနော်တို့ရဲ့ အချစ်ကိုလက်ခံပါ ”
လို့ပြောလာလိမ့်မယ်။
အဲဒ်ီလို ပြောလာရင် ငါက
ဟောဒီလို…
ဟောဒီလို…
ခေါင်းကိုခါပြီး ငြင်းလိုက်မယ် ”
လို့ စိတ်ကူးပြီး ခေါင်းကို တကယ်ပင် ခါရမ်းလိုက်ပါတော့တယ်။
ခေါင်းကို ခါရမ်းလိုက်တဲ့အခါမှာ
ခေါင်းပေါ်တွင် ရွက်ထားတဲ့ နွားနို့ပုံးမှာ ပြုတ်ကျပြီး
နွားနို့တွေ အားလုံးဖိတ်ကျကုန်ပါတော့တယ်။
အဲဒီအခါ နွားနို့သည်မလေး မယဉ်ကျေးဟာ
စိတ်ပျက်လက်ပျက်နဲ့ ငိုပါလေတော့တယ်။
“အော်…ငါက မပေါက်သေးတဲ့ ကြက်လေးတွေကို
ရေတွက်နေမိတာကိုး၊
ပြီးတော့ …
ပြီးတော့…”
လို့ စိတ်ထဲတွင် ရေရွတ်နေမိပါတော့တယ်။