Friday, October 15, 2010

“ပွဲစား ဂျင်မီနီ...”



တစ်ခါတုန်းက

ယောက်ျားကြီးတစ်ယောက်ဟာ

် ပင်လယ်ကမ်းစပ်တွင် လမ်းလျှောက်ထွက်လာတုန်း

ကမ်းစပ်တွင် ပုလင်းတစ်လုံးကိုကောက်ရပါတယ်။

အဲဒီပုလင်းကိုကောက်ယူပြီးအဖုံးကိုဖွင့်လိုက်ပါတယ်။

အထဲကမီးခိုးနဲ့အတူ ဂျင်မီနီ ထွက်လာပါတယ်။


“ဟေ့….မင်းဘယ်သူလဲ”

“ဂျင်မီနီပါသခင်”

“လိုချင်တာရအောင်လုပ်ပေးနိုင်တဲ့ဂျင်မီနီဆိုတာလား”

“ဟုတ်ပါတယ်သခင်”

“အဲဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ် (passport) ရအောင်လုပ်ပေးကွာ”

“ငွေလေးသိန်းပေးပါ။

တစ်ပတ်အတွင်း ရပါစေ့မယ်။”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com