တောင်တက်သမားများဟာ
မြင့်မားတဲ့ ဧဝရတ်တောင်ကို တက်ကြတယ်။
နာရီအတော်ကြာကြာတက်တဲ့အခါမှာတော့
တောင်အလယ်နေရာကိုရောက်ကြပါတယ်။
အဲဒီနေရာအရောက်မှာတော့ ခဏအနားယူကြတယ်။
တောင်တက်သမားများလည်း အုပ်စု (သုံးစု)ကွဲပြားသွားကြပါတယ်။
ပထမအုပ်စုမှာ
အလွန်ပင်ပန်းတဲ့အတွက်ကြောင့် ဒီတောင်စောင်းကို ရွေးချယ်တက်မိလေခြင်းဆိုပြီး
သူတို့လုပ်ခဲ့တာ မှားတာပဲလို့ စိတ်ထဲမှာ ဖြစ်ကြပါတယ်။
တောင်တက်ရင်း စိတ်ပျော်ရွှင်ချမ်းမြေ့စရာ ခံစားရဖို့မျှော်လင့်ထားတာနဲ့
တွေ့ကြုံရတဲ့ဒုက္ခ မမျှလေခြင်းဆိုပြီး ဝမ်းနည်းနေကြပါတယ်။
ဒီအုပ်စုဟာ ပင်ပန်းစိတ်ပျက်လာတဲ့အတွက်ကြောင့်
ဆက်မတက်တော့ဘဲ ပြန်ဆင်းသွားကြပါတယ်။
ဒုတိယအုပ်စုမှာ
တောင်တက်ခရီး သာယာလှပတဲ့အတွက် ပျော်ရွှင်ကြပါတယ်။
လမ်းခရီးတွင် တောင်ပေါ်လေကောင်းလေသန့်ကို တစ်ဝရှုကြပါတယ်။
သာယာတဲ့ နေရောင်အောက်မှာ သူတို့မှာ ပါလာတဲ့ ထိုင်စရာအခင်းများကို
တောင်ပေါ်တွင် ပေါက်နေတဲ့မြက်ခင်းပေါ်တွင် ခင်းပြီး
ပါလာတဲ့ အစားအစာများကို တပျော်တပါးစားကြပါတယ်။
တစ်ချို့က တေးသီချင်းများကိုအော်ဟစ်သီဆိုကြပါတယ်။
တောင်ပေါ်တွင် လွတ်လပ်မှုအရသာကို အပြည့်အဝ ခံစားကြပါတယ်။
သူတို့ရောက်နေတဲ့နေရာရဲ့သာယာမှုကို ကျေနပ်ရောင့်ရဲနေတဲ့အတွက်
အဲဒီနေရာမှာပင် ရပ်နားပြီး ဆက်မတက်တော့ပါ။
တတိယအုပ်စုမှာတော့
တကယ့်တောင်တက်သမားများပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။
မျှော်မှန်းထားတဲ့အတိုင်း တောင်ထိပ်အထိ အရောက်တက်ခဲ့ကြပါတယ်။
စ တက်ကတည်းက တောင်ထိပ်အရောက် တက်မယ်ဆိုပြီး
စိတ်ထဲမှာ တောင်ထိပ်ကို မျက်ခြည်မပြတ်ခဲ့ပါ။
တောင်ထိပ်ရောက်အောင်တက်မယ်ဆိုခြင်းဟာ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။
အဲဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် သူတို့မှာရှိတဲ့ စွမ်းအားများကို
စုစည်းပြီး ရအောင် ကြိုးစားခဲ့ပါတယ်။
ဒီလိုပါပဲ။
ဘဝမှာလည်း ရည်မှန်းချက် ရအောင်ကြိုးစားတက်လှမ်းကြပါတယ်။
တက်လှမ်းရင်း ကျနော်တို့မှာလည်း စိတ်နေစိတ်ထားတွေ အမျိုးမျိုး ဖြစ်ခဲ့ပါတယ်။
တောင်တက်အုပ်စု (၃)စု တွင်ဖြစ်ပေါ်တဲ့ စိတ်နေစိတ်ထားမျိုးမှာ
ကျနော်တို့တွင်လည်းအချိန်နဲ့အမျှ ဖြစ်ပေါ်တတ်ပါတယ်။
ကိုယ့်မှာ ဘယ်လိုစိတ်နေစိတ်ထားမျိုးအဖြစ်များသလဲဆိုတာကတော့
ကိုယ်နဲ့ပဲဆိုင်မယ်လို့ထင်ပါတယ်။
No comments:
Post a Comment