တစ်ဦးသိတာကို နောက်တစ်ဦးကို မျှပေးလို့
လူ့လောကကြီး
တိုးတက်လာတာပါ။
အဆင့်ဆင့် လက်ဆင့်ကမ်းလာကြတာပါ။
+++++
အဖော်မဲ့အထီးကျန်ဖြစ်ဖို့ရာ
အရင်းခံ အကြောင်းဟာ
အတ္တစွဲပါပဲ။
+++++
မာန သိပ်ကြီးသွားရင်
အဖော်မဲ့သွားတယ်။
လူမသိအောင် ဖုံးရတာတွေ များရင်လည်း
အဖော်မဲ့ အထီးကျန်ဖြစ်တယ်။
+++++
လူ့လောကမှာနေပြီး
ကိုယ့်ကိုယ်တိုင်လူဖြစ်တဲ့အတွက်ကြောင့်
အရေးအကြီးဆုံးက
လူ့အကြောင်းနားလည်ဖို့ပါ။
+++++
ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်
လုပ်တာဟာ သူများမဟုတ်ပါဘူး။
ကိုယ့်စိတ်ပါ၊
ကိုယ့်အတွေးပါ။
ကိုယ့်သဘောထားမှားနေလို့ပါ။
ကိုယ့်အတွေးအခေါ်တွေ မှားနေလို့ပါ။
ကိုယ့်စိတ်ကို ကိုယ် နားမလည်လို့ပါ။
ကိုယ့်စိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့
ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။
+++++
နေ့စဉ်နေ့တိုင်း
ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့
နေသွားမယ်ဆိုရင်
အလိုအလျှောက်ပဲ ကောင်းတဲ့ဘက်ကို
တိုးတက်လာမယ်။
+++++
ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ
ကိုယ့်အဖော်ဖြစ်နေတယ်။
သတိဟာ ကိုယ့်အဖော် ဖြစ်နေတယ်။
+++++
သတိပဋ္ဌာန်တရားကို
ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့
မိတ်ဆွေကောင်းဖြစ်အောင်
လေ့ကျင့်ပြုစုပျိုးထောင်ထားပါ။
+++++
မိတ်ဆွေကောင်းလိုချင်ရင်
ကိုယ်ကိုယ်တိုင်ကပဲ
မိတ်ဆွေကောင်း၊ အဖော်ကောင်း
ပီသအောင် နေလိုက်ပါ။
+++++
(ဆရာတော် ဦးဇောတိက)