တစ်ခါတုန်းက
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျိုးလူးဝီဟာ
သူရဲ့စုဆောင်းငွေအချို့ကို ဧက၅၀၀ ရှိတဲ့
လယ်တစ်ကွက်ကို လယ်လုပ်ငန်းတစ်ခုအတွက် ဝယ်ယူခဲ့ပါတယ်။
သူ့ရဲ့လယ်ယာမြေကို ပထမဆုံးအကြိမ်အဖြစ် မြင်းစီးပြီး
ထွက်လာခဲ့ပါတယ်။
ဂျိုးဟာ မြင်းစီးရင်း လှည့်လည်ကြည့်ရှုရာ လယ်ကွက်ရဲ့သီးသန့်တစ်နေရာမှာ
ထုံးသုတ်ထားတဲ့အိမ်ဟောင်းတစ်လုံးကို တွေ့ပါတယ်။
အဲဒီအိမ်ကိုလည်း လယ်တောနဲ့အတူ ဂျိုး ပိုင်ဆိုင်ပါတယ်။
ဒါပေမယ့် ဂျိုးက ယဉ်ကျေးစွာ အိမ်တံခါးကို ဖြည်းဖြည်းသာသာ ခေါက်လိုက်ပါတယ်။
အသက်ကြီးကြီး မျက်နှာဖြူအဘိုးကြီးနှင့်သူ့ဇနီးတို့ထွက်လာပါတယ်။
“ မင်းဘာလိုချင်လို့လဲ”
လို့ အဘိုးကြီးက ရိုင်းပျစွာမေးပါတယ်။
“ မင်္ဂလာနံနက်ခင်းပါခင်ဗျား”
လို့ဂျိုးကနှုတ်ဆက်ရင်း
သူ့ရဲ့ဦးထုပ်ကို လေးစားတဲ့အမူအရာနဲ့ မ, ပြလိုက်ပါတယ်။
“ ကျနော်မြင်းစီးရင်း ဒီဘက်ကိုထွက်လာတာပါ”
လို့ပြောလိုက်ပါတယ်။
“ဟုတ်လား၊ ဒီလိုဆို ဆက်စီးပေါ့”
လို့အဘိုးကြီးက တုံးတိတိပြန်ပြောလိုက်ပါတယ်။
ဂျိုးက စိတ်မကောင်းဖြစ်သွားမိပါတယ်။
“ တစ်ခုခုများ မှားနေသလားခင်ဗျာ”
လို့ဂျိုးကပြန်မေးလိုက်ပါတယ်။
” မှားသလား၊ ဟုတ်လား၊ ဟုတ်တယ်၊ မှားနေတယ်။
ဘယ်က နီဂရိုးမှန်းမသိဘူး။
ဒီလယ်မြေကို ဝယ်လိုက်တယ်လို့ကြားရတယ်”
လို့ အဘိုးကြီးကပြန်ပြောလိုက်ပါတယ်။
ဂျိုးက သူ့ရဲ့မည်းတူးနေတဲ့ခြေထောက်ကို သူပြန်ကြည့်ပြီးစိတ်မကောင်းဖြစ်မိပါတယ်။
ပြီးတော့ စဉ်းစားပြီး၊
” ကျနော်လာတာ ခင်ဗျားတို့အတွက် သတင်းပေးစရာရှိလို့ပါ၊
ဒီလယ်မြေကို ဝယ်တဲ့လူကို ကျနော်သိပါတယ်။
ခင်ဗျားတို့ကို ဒီမှာ ဆက်လက်နေစေချင်တဲ့အကြောင်း၊
ယခင်က နေခဲ့တဲ့အတိုင်း ဆက်နေဖို့ သူက ပြောခိုင်းလိုက်ပါတယ်။
ခင်ဗျားတို့ တစ်သက်ပေါ့ဗျာ။
ခင်ဗျားတို့ဘာမှစိတ်ထဲမှာ မဖြစ်ဖို့လည်း သူက ကျနော်ကို မှာလိုက်ပါတယ်။
နောက်ထပ်ငှားတာတွေ ဘာတွေလဲ ဘယ်တော့မှ လုပ်တော့မှာ
မဟုတ်တော့ဘူးလို့မှာလိုက်ပါတယ်။”
လို့ဂျိုးက အဘိုးကြီးဇနီးမောင်နှံကို ကြည့်ပြီးပြောလိုက်ပါတယ်။
ပြီးတော့ ဂျိုးဟာ ဦးထုပ်ကို မ,တင်လိုက်ပါတယ်။
သူ့မြင်းဆီကို ပြန်သွားပြီး မြင်းစီးထွက်သွားပါတော့တယ်။
နှုတ်က သီချင်းတအေးအေးနှင့်။