လူတွေဟာ လွတ်လပ်မှုကို
လိုချင်ကြတယ်။
ကိုယ့်လွတ်လပ်မှုဟာ
ပြင်ပအကြောင်းတွေနဲ့လူတွေပေါ်မှာ တည်တယ်ဆိုရင်
ကိုယ့်မှာ
ဘာလွတ်လပ်မှုရှိမလဲ။
မှီခိုမှု
နည်းလေ လွတ်လပ်လေ။
ဒါကြောင့်
ကိုယ့်စိတ်ချမ်းသာမှုဟာ အကြောင်းပြချက် မရှိလေ
လွတ်လပ်တဲ့စိတ်ချမ်းသာမှု
ဖြစ်လေပဲ။
လွတ်လပ်တဲ့စိတ်ရှိတဲ့သူဟာ
စိတ်ချမ်းသာတယ်။ ပျော်တယ်။
++++++++++++++++++++++++++++++++++++
ငါ့စိတ်ချမ်းသာမှုဟာ
ပြင်ပအကြောင်းပေါ်မှာ မှီခိုမှုနည်းရမယ်လို့ရည်ရွယ်ချက်ထားပါ။
လွတ်လပ်တဲ့
ပျော်ရွှင်မှု၊ လွတ်လပ်တဲ့ စိတ်ချမ်းသာမှုကို ရှာပါ။
လွတ်လပ်တဲ့စိတ်ကို
ရရင် လွတ်လပ်တဲ့ စိတ်ချမ်းသာမှုကို ရမယ်။
မှီခိုမှု
ဆိုတဲ့ ကြိုးကိုဖြတ်ပါ။
စိတ်ချမ်းသာမှုကို
ရမယ်။
++++++++++++++++++++++++++++++++++++
ကိုယ့်စိတ်ကို
ကိုယ် ချမ်းသာအောင် ထားနိုင်တဲ့သူဟာ ကိုယ့်ကံကြမ္မာကို
ကိုယ်ဖန်တီးနိုင်တယ်။
ကိုယ့်စိတ်ကို
ကိုယ် ချမ်းသာအောင်ထားနိုင်တဲ့သူဟာ
စိတ်ဓာတ်အင်အား ကြီးမားတဲ့သူ ဖြစ်တယ်။
ကိုယ့်စိတ်ကို
ကိုယ် ချမ်းသာအောင် ထားနိုင်ရင် ကိုယ့်ဘဝကို
ကိုယ်လိုသလို ပုံဖော်လို့ရတယ်။
စိတ်ချမ်းသာမှုက ဘဝကို
ပုံကောင်းကောင်း ဖော်ပေးနိုင်တယ်။
စိတ်ဆင်းရဲမှုက
ဘဝကို ပုံပျက်အောင်လုပ်တယ်။
ဒါကြောင့်
စိတ်ဆင်းရဲနေတာကို တာရှည်လက်မခံပါနဲ့။
++++++++++++++++++++++++++++++++++++
စိတ်ချမ်းချမ်းသာသာနဲ့
ခရီးသွားတဲ့သူဟာ ခရီးတွင်တယ်။
အောင်မြင်ချင်ရင်
စိတ်ချမ်းသာအောင် နေတတ်မှ ဖြစ်မယ်။
စိတ်ချမ်းသာအောင်
အရင်နေပါ။
နောက်တော့
အောင်မြင်မှုက လိုက် လာပါလိမ့်မယ်။
++++++++++++++++++++++++++++++++++++
အောင်မြင်မှုရရင်
စိတ်ချမ်းသာမယ်လို့ ဆိုတဲ့သူဟာ အောင်မြင်မှု ရတဲ့အခါ ခဏပဲ ပျော်တယ်။
မကြာခင်
အရင်တုန်းကလိုပဲ စိတ်ဆင်းရဲပြန်တယ်။
ပြင်ပအောင်မြင်မှုဟာ
ရေရှည် စိတ်ချမ်းသာမှုကို မပေးနိုင်ဘူး။
ပြင်ပအောင်မြင်မှုပေါ်မှာ
အခြေခံတဲ့ ပျော်ရွှင်မှုဟာ စိတ်မအေးရတဲ့ ပျော်ရွှင်မှုပါ။
++++++++++++++++++++++++++++++++++++
ပြင်ပအကြောင်းတရားပေါ်မှာ
မှီခိုမှု မရှိတဲ့ စိတ်ချမ်းသာမှု ဖြစ်မှသာ
ကိုယ့်လက်ထဲမှာ ရှိတဲ့ စိတ်ချမ်းသာမှု
ဖြစ်တယ်။
ကိုယ်ပိုင်
စိတ်ချမ်းသာမှု ဖြစ်တယ်။
++++++++++++++++++++++++++++++++++++
ပြင်ပအကြောင်းကြောင့်
ဖြစ်တဲ့ ပျော်ရွှင်မှုကို အားမကိုးပါနဲ့။
တကယ်လွတ်လပ်တဲ့သူ
ဖြစ်ချင်ရင် ဘာကိုမှ မမှီခိုတဲ့ စိတ်ချမ်းသာမှုကို ရအောင်လုပ်ပါ။
ကိုယ့်လွတ်လပ်မှုကို
ကြေငြာလိုက်ပါ။
ငါ့လွတ်လပ်မှုဟာ
ဘယ်အရာကိုမှ မမှီခိုဘူး။
ငါ့ပျော်ရွှင်မှုဟာ
ဘယ်အရာကိုမှ မမှီခိုဘူး။
++++++++++++++++++++++++++++++++++++
ကိုယ်ပြင်လို့ရတာ
ကိုယ့်စိတ်ပဲ။
စိတ်ချမ်းသာနေရင်
ကိုယ် ဖြစ်ချင်တာ ဖြစ်လာဖို့ အလားအလာ ပိုများပါတယ်။
စိတ်ဆင်းရဲနေလေလေ
ကိုယ် ဖြစ်ချင်တာ ဖြစ်ဖို့ အလားအလာ နည်းသွာလေလေပဲ။
တစ်သက်လုံး
စိတ်ဆင်းရဲခံပြီး လုပ်သင့်တဲ့ကိစ္စ မရှိပါဘူး။
ဘဝဆိုတာ
စိတ်ချမ်းချမ်းသာသာနေရမှ နေရကျိုး နပ်ပါတယ်။
++++++++++++++++++++++++++++++++++++
ကိုယ့်စိတ်ကိုပဲ
ကိုယ်ပြင်နိုင်ပါတယ်။
ပြင်ပကိစ္စတွေဟာ
ပြင်လို့ရတာ ရှိမယ်။ မရတာလည်း ရှိမယ်။
ကိုယ့်ဘဝမှာ
တွေ့သမျှလူတွေကို ကိုယ့်အလိုကျ ဖြစ်အောင် မလုပ်နိုင်ပါဘူး။
တွေ့ရတဲ့အခြေအနေအားလုံးကို
ကိုယ်လိုသလို ဖြစ်အောင် မလုပ်နိုင်ပါဘူး။
ကိုယ်ပြင်လို့ရတာ ကိုယ့်စိတ်ပါပဲ။
ဒါကြောင့် အရင်ဆုံး စိတ်ကို ပြင်ပါ။
လောကဓံနဲ့တွေ့တဲ့အခါ မတုန်လှုပ် မချောက်ခြားပဲ နေနိုင်ရင် နေပျော်ပြီ။
++++++++++++++++++++++++++++++++++++
အခုခဏလေး
စိတ်ချမ်းသာအောင် နေပါ။
နောက်တစ်ခဏမှာလည်း
စိတ်ချမ်းသာအောင် နေပါ။
စိတ်ချမ်းသာနေတာကို
လေ့ကျင့်ပါ။
တစ်ခုခု
လုပ်စရာရှိလာရင် စိတ်ချမ်းချမ်းသာသာနဲ့လုပ်မယ်လို့
ကိုယ့်ကိုယ်ကို ကိုယ် သတိပေးပါ။
စိတ်ချမ်းချမ်းသာသာနဲ့
လုပ်ရင် အကောင်းဆုံးကို ရမယ်။
စိတ်ချမ်းချမ်းသာသာနဲ့
ပြောပါ။
စိတ်ချမ်းချမ်းသာသာနဲ့
ပြောရင် အကောင်းဆုံးကို ပြောနိုင်မယ်။
စိတ်ချမ်းသာအောင် နေတာဟာ လူတွေကို အကောင်းဆုံးနည်းနဲ့ အကျိုးပြုတာပါပဲ။
++++++++++++++++++++++++++++++++++++
ကိုယ့်ကိုယ်ကိုကိုယ်
အကောင်းဆုံးမိတ်ဆွေဖြစ်အောင် လုပ်ရမယ်။
ကိုယ့်စိတ်ကိုကိုယ်
ချမ်းသာအောင် ထားနိုင်ရင် မိတ်ဆွေဖြစ်ပြီ။
တစ်သက်လုံးကိုယ်နဲ့
အတူနေမယ့်သူဟာ ကိုယ့်စိတ်ပဲ။
ဒါကြောင့်
တစ်ယောက်ထဲ တည့်အောင် နေမှ ဖြစ်မယ်။
ဒါမှ
တစ်သက်လုံး စိတ်ချမ်းသာမယ်။
++++++++++++++++++++++++++++++++++++
ကိုယ့်စိတ်ကိုယ်
စိတ်ချမ်းသာအောင် နေနိုင်မှ သူများနဲ့တွေ့တဲ့အခါ
အဆင်ပြေအောင် နေနိုင်မယ်။
တစ်ယောက်ထဲတောင်
တည့်အောင် မနေနိုင်ရင်
သူများနဲ့တည့်အောင် ဘယ်လိုနေမလဲ။
အများနဲ့အဆင်မပြေတဲ့သူတွေကို
သတိထားကြည့်ပါ။
သူတို့ဟာ
တစ်ကိုယ်တည်း စိတ်ချမ်းသာအောင် မနေတတ်သေးတဲ့ သူတွေ
ဆိုတာ တွေ့ရမယ်။
++++++++++++++++++++++++++++++++++++
ဒီနေ့
အားလုံး ကိုယ်မျှော်လင့်သလို ဖြစ်မယ်လို့ မပြောနိုင်ဘူး။
ဒါပေမယ့်
ဒီနေ့ ဘာပဲဖြစ်လာ ဖြစ်လာ အကောင်းဆုံးဖြစ်အောင် လုပ်ပြီး
စိတ်ချမ်းသာအောင်
နေမယ်လို့တော့ ပြောချင်ရင် ရတယ်။
++++++++++++++++++++++++++++++++++++
လူတွေကို
သဘောထား မှန်မှန်နဲ့ ဆက်ဆံနိုင်ရင် စိတ်ချမ်းသာမယ်။
လောကကြီးကို အမြင်မှန်ရင် စိတ်ချမ်းသာမယ်။
နှစ်ခုစလုံးဟာ
ကိုယ့်အပေါ်မှာပဲ မူတည်တယ်။
အဲဒီလိုဆိုတော့
စိတ်ချမ်းသာမှုဟာ ကိုယ့်အပေါ်မှာပဲ မူတည်တယ်လို့
ဆိုရာ
ရောက်တယ်။
++++++++++++++++++++++++++++++++++++
အဆိုးတစ်ခုကို
တွေးလိုက်တဲ့အခါမှာ ကိုယ့်မှတ်ဥာဏ်က သဘောချင်းတူတဲ့
နောက်ထပ်
အဆိုးတွေကိုပါ ပြန်ဖော်ပေးတယ်။
အကောင်းတစ်ခုကို
တွေးလိုက်တဲ့အခါမှာလည်း နောက်ထပ်အကောင်းတွေကို
ပြန်ဖော်ပေးတယ်။
အဆိုးတွေကို
များများတွေးလေလေ အဆိုးတွေက ပွားလေလေပဲ။
အကောင်းကို
များများတွေးလေလေ အကောင်းတွေက ပွားလာလေလေပဲ။
ဘယ်ဟာ
တွက်ခြေကိုက်သလဲ။
++++++++++++++++++++++++++++++++++++
အဆိုးတစ်ခုကို
တွေးမိရင် အကောင်းတစ်ခုကို
အမြန်ဆုံးတွေးမိအောင် သတိထားပါ။
လေ့ကျင့်ပါ။
++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ
ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက)စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင်
ဖတ်ဖို့-၁၀၇…