Sunday, January 2, 2011

“ ဘာမှ မရှိဘူး…”


ဆိုင်တစ်ဆိုင်တွင် ဝယ်သူက ရောင်းသူကိုမေးတယ်။


“ ခင်ဗျားတို့ဆီမှာ ပေါက်ပြားရှိသလား ”


“ မရှိဘူး ”


“ ရေပုံးကော ”


“ ရေပုံးလည်း မရှိဘူး ”


“ အိမ်ရိုက်သံရော ”


“ ဒါလည်း မရှိဘူး ”


“ ဒါဖြင့် ခင်ဗျား ဘာဖြစ်လို့ ဆိုင်ထဲ ထိုင်နေတာလဲ ”


“ ဆိုင်ကိုပိတ်ဖို့ သော့ခလောက်လည်း မရှိလို့ ”

“ မဝယ်ဘဲမနေပါနဲ့…”




“ ပန်းဝယ်ပါခင်ဗျာ၊

ကိုယ့်ရဲ့ချစ်ဇနီးအတွက် ဒီပန်းခြင်းဟာ

အင်မတန် သင့်တော်ပါတယ် ”


ကိုဇော်ဇော်က


“ ကျနော့်မှာ မိန်းမ မရှိဘူး ”


“ ဒါဆို ချစ်သူရည်းစားအတွက် ဝယ်ပါ ”


ကိုဇော်ဇော်က


“ ကျနော့်မှာ ရည်းစားလည်း မရှိဘူး ”


“ ဒါဆို ဒီလို အပူအပင်ကင်းမဲ့တဲ့ ဘဝကို ဂုဏ်ပြုတဲ့

အနေနဲ့ဝယ်ပါ ခင်ဗျာ”

“ လူသတ်လက်နက်…”


အမျိုးသမီးတစ်ယောက် လက်နက်များ

အရောင်းဆိုင်ကို ဝင်လာပြီး ပြောတယ်။


“ ကျမကို ပစ်စတိုတစ်လက်ပေးပါ ”


“ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လားခင်ဗျာ ”


“ ကျမကို ကာကွယ်ဖို့ဆိုရင် ရှေ့နေငှားမှာပေါ့ရှင် ”


“ အဲဒါဆို ခြောက်လုံးပြူး ယူပါလား ”


“ ဘာလဲ၊

ကျမမှာ ယောက်ျားခြောက်ယောက် ရှိတယ်

ထင်လို့လား ”

“ ဆေးမထိုးချင်ဘူး…”


မရမ်းပင်ပေါ် ရောက်နေတဲ့ မောင်နီတိုး….

က တစ်ဘက်ခြံမှ သူငယ်ချင်း ဖြစ်သူ

မောင်ပေါ်ဦး….

ကိုလှမ်းအော်ပြောတယ်။


“ ဟေ့ ပေါ်ဦး ၊

မင်းကို ဆေးထိုးဖို့ ဆရာဝန်လာနေပြီဟေ့ ”


“ ကျေးဇူးပဲ နီတိုး၊

အိမ်က ခွေးကို အခုပဲ

ကြိုးဖြေပေးလိုက်မယ် ”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com