လူတို့သည် မိမိတို့၏ အပေါင်းအသင်းကို များစွာရွေးချယ်အပ်၏
မိမိတို့၏ အပေါင်းအသင်းသည်
ကလျာဏမိတ္တ ဖြစ်ဖို့လို၏။
ကိုယ့်ကျိုးကို ယ့်စီးပွားကို စွန့်နိုင်သမျှ
စွန့်လိုသော စိတ်ထားရှိသူဖြစ်ဖို့လို၏
သို့မှသာ မိမိတို့သည် မြင့်မြတ်သော အတွေးအမြင်၊
မြင့်မြတ်သော အသိများရှိပြီး
မြင့်မြတ်သူအဖြစ်သို့ရောက်နိုင်မည်။
မြင့်မြတ်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
++++++++++++++++++
ထို့နည်းတူပင်
စာကောင်းပေကောင်းများကို ဖတ်ဖြစ်ဖို့လို၏။
မိမိလေ့လာဖတ်ရှုသော စာပေသည်
မိမိအား မှန်ကန်တဲ့အတွေးအမြင်ကို
ပေးနိုင်တဲ့စာပေဖြစ်ဖို့လို၏။
ဖြတ်လမ်းမဟုတ်ဘဲ လမ်းကောင်းလမ်းမှန်ကို
ညွှန်းပြတဲ့စာပေ ဖြစ်ဖို့လိုတယ်။
ဓမ္မကို ညွှန်ပြတဲ့ စာပေမျိုးကိုသာ
စာကောင်းပေကောင်းလို့ ဆိုပါတယ်။
++++++++++++++++++
မြတ်စွာဘုရားသည်ပင် လောကနှင့်ဆက်ဆံရာမှာ
အပေါ်စီးမယူဘဲ မိမိကိုယ်ကိုမိမိ
ကလျာဏမိတ္တ အဖြစ်သာခံယူပြီး
ဆက်ဆံတော်မူခြင်း ဖြစ်၏။
ထို့ကြောင့် တကယ်တမ်းစစ်မှန်သော
ကလျာဏမိတ္တသာ ဖြစ်ပါက
လောကအကျိုးကိုသာမက
လောကုတ္တရာအကျိုးကိုပါ ဖြစ်ပေါ်လာအောင်
လမ်းညွှန်နိုင်ပါ၏။
++++++++++++++++++
ဦးရွှေအောင်ရဲ့“ ကိုယ်ကျင့် ဗုဒ္ဓဝင်”စာအုပ်မှ...
++++++++++++++++++