တစ်ခါတုန်းကပေါ့...
မြို့နဲ့ ဦးလေးသောင်းတို့ရွာဟာ (၉)မိုင်ခန့်ဝေးပါတယ်။
ဦးလေးသောင်းတို့ဟာ တောင်သူလုပ်သူများဖြစ်တယ်။
ဦးလေးသောင်းတို့တစ်ရွာလုံးဟာ အားလူးကိုစိုက်ကြပါတယ်။
တောင်သူများဟာ အားလူးစိုက်ရတာကို စိတ်မရှုတ်ကြပါ။
အားလူးတွေကောက်ပြီး မြို့ပေါ်တက်ရောင်းရတာကို အလွန် စိတ်ရှုတ်ကြပါတယ်။
အကြောင်းကတော့ မြို့ပေါ်က အားလူးအဝယ်ဒိုင်များဟာ အားလူးကို အကြီး၊အလတ်၊အသေးများကို
ရွေးပြီးမှလက်ခံသောကြောင့်ဖြစ်တယ်။
အားလူးများကို အမျိုးအစားများကို ခွဲခြားရတာဟာ မလွယ်ကူလှပါ။
တိကျသေချာတဲ့စံနှုန်းများ မသတ်မှတ်ထားပဲ အရွယ်အစား ခွဲခြားရတာဟာ
အလွန် စိတ်ရှုတ်ထွေးစရာကောင်းလှပါတယ်။
ဘယ်ဟာကအကြီး၊ဘယ်ဟာကအလတ်၊ ဘယ်ဟာကအသေး၊ဆိုတာကို ဘယ်သူမှ မလုပ်ချင်ကြပါ။
ဦးနှောက်အလွန်ခြောက်ရတဲ့အလုပ်ဖြစ်ပ်ါတယ်။
ထိုရွာသားများထဲတွင် ဦးလေးသောင်းကတော့ အားလူးစိုက်လည်းပျော်ပျော်၊
အားလူးရောင်းတော့လည်း ပျော်ပျော်ပင်။
ဦးလေးသောင်းဟာအားလူးရွေးနေတာလဲမတွေ့ရပါ။
အားလူးဒိုင်ကို ဦးလေးသောင်း အားလူးပို့ရင် ဒိုင်ကလည်းကျေကျေနပ်နပ် လက်ခံတယ်။
တစ်နေ့မှာတော့ လူငယ်တစ်စုက ဦးလေးသောင်းကို အားလူးဘယ်လိုရွေးသလဲ ?လို့မေးပါတယ်။
သိချင်ရင် သူနဲ့အတူလိုက်ခဲ့ပေါ့ လို့ပြောလိုက်ပါတယ်။
ဒါနဲ့ပဲ လူငယ်ခေါင်းဆောင်တစ်ယောက်က ဦးလေးသောင်းနဲ့အတူလိုက်လာပါတယ်။
ဦးလေးသောင်းဟာနွားလှည်းပေါ်ကို အားလူးတွေအားလုံးကို မရွေးဘဲ သောင်းပြောင်းတင်လိုက်ပါတယ်။
ရွာကနေထွက်လာတဲ့အခါ အများသူငါ သွားနေကြတဲ့ လမ်းကောင်းကို မရွေးဘဲ
အဆိုးဆုံးလမ်းက နွားလှည်းကို မောင်းလာခဲ့ပါတယ်။
လှည်းဆောင့်တဲ့အတွက် အားလူးတွေ ခလောက်ဆန်နေပါတယ်။
မြို့ကဒိုင်ကိုရောက်တဲ့အခါမှာတော့ အားလူးတွေဟာ
သူ့အလွှာနဲ့သူ အကြီး၊အလတ်၊အသေး ကွဲပြားသွားပြီဖြစ်ပါတယ်။
ထိုအခါမှ ဦးလေးသောင်းက ဒိုင်ကအားလူးအိတ်များတောင်းပြီး
အကြီး၊အလတ်၊အသေးကိုအိတ်အသီးသီးမှာထည့်ပေးပြီး ကတ္တားပေါ်တင်၊
အလေးချိန်ပြီးငွေရှင်းကာ ရွာကိုပြန်ခဲ့ပါတော့တယ်။
အပြန်လမ်းမှာ
“ဉာဏ်ရှိရင် အချိန်ကုန်သက်သာတာပေါ့။
လူလည်းမပင်ပန်းဘူး။
ဉာဏ်နဲသူတွေအဖို့တော့ ဒုက္ခများတာပေါ့။
အချိန်လည်းကုန်တယ်။လူလည်းပင်ပန်းတယ်။ စိတ်လည်းမောရတယ်။
ဘယ်အရာမဆို ဉာဏ်နဲ့ယှဉ်ပြီး လုပ်တတ်ဖို့လိုတယ်။”