တစ်ခါတုန်းက
ကိုအောင်ဟိန်းက သူ့သူငယ်ချင်းကိုတင်ဝင်းကိုပြောပြတယ်။
"ကျနော်တို့ ကုမ္ပဏီပိုင်ရှင်ဟာ ကမ္ဘာပေါ်မှာ ယဉ်ကျေးသိမ်မွေ့ဆုံး
ပုဂ္ဂိုလ်လို့ပြောရမယ်ဗျ"
"ဘာဖြစ်လို့ ဒီလိုပြောနိုင်တာလဲ"
"ခင်ဗျားပဲ စဉ်းစားကြည့်ပေါ့၊
တစ်နေ့က သူက ကျနော့်ကိုခေါ်ပြီးပြောတယ်။
ခင်ဗျားသာမရှိရင် အလုပ်တွေကို ဘယ်လိုလုပ်ရမယ်မှန်းတောင်
မသိတော့ဘူးဗျာ၊
ဒါပေမယ့် လာမယ့်နှစ်ဆန်းကစပြီး ကျနော် ကြိုးစားကြည့်မယ်တဲ့ဗျာ"