တရားရုံးသို့ရောက်လာတဲ့
ကားမောင်းသမား ကိုခင်ဆွေ
ကို တရားသူကြီးက မေးတယ်။
“ ယာဉ်ထိန်းရဲက ပြောတယ်။
ခင်ဗျား သူ့ကို ပြက်ရယ်ပြုတယ် တဲ့၊
ဟုတ်သလား ”
“ သူ့ကို ပြက်ရယ်ပြုချင်တဲ့ ရည်ရွယ်ချက်
ကျနော့်မှာမရှိရိုး အမှန်ပါ၊
သူ ကျနော့်ကားကို ရပ်ပြီးစစ်ဆေးတဲ့အချိန်မှာ
အိမ်က ကျနော့်မိန်းမလိုပဲ သူ အမျိုးမျိုး သြဝါဒချွေပါတယ်။
ရုတ်တရက် ကျနော်သတိလက်လွတ်ဖြစ်ပြီး
“ မင်းပြောတာ မှန်တာပေါ့ အချစ်ရယ် ”
လို့ပြောမိပါတယ်။
ဒါပါပဲ ”
No comments:
Post a Comment