တစ်ခါတုန်းက
နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်မှုကို ပြုလုပ်ရာမှာ
နည်းပြဆရာက သင်တန်းသားကို ပြောတယ်။
“ ဆိုပါစို့၊ ခင်ဗျားဟာ သဲကန္တာရထဲမှာ ရောက်နေတယ်။
ရုတ်တရက် တစ်ဖက်ရန်သူဟာ ကျောက်တုံးတစ်ခုကိုကွယ်ပြီး
ခင်ဗျားကို ရိုင်ဖယ်နဲ့ပစ်ဖို့ ချိန်တာကို တွေ့လိုက်ရတယ်၊
ခင်ဗျား ဘာလုပ်မလဲ ”
“ သူ့ထက် အရင်ဦးအောင် ကျနော်ပစ်ဖို့ကြိုးစားမယ် ”
“ မောင်းကို ခင်ဗျား ဖြုတ်လိုက်တယ်၊
ဒါပေမယ့် ကျည်ဆံမထွက်ဘူး။ ”
“ ဒါဆို သူ့ဖက်ကို ကျနော် လက်ပစ်ဗုံး ပစ်လိုက်မယ် ”
“ ခင်ဗျား ပစ်လိုက်တယ်၊
ဒါပေမယ့် ဗုံးမပေါက်ဘူး ”
“ အဲဒါဆို လျှပ်တစ်ပြက် သူ့ကို လှံစွပ်နဲ့ ပြေးထိုးမယ်။ ”
“ ခင်ဗျား ပြေးထိုးတယ်၊
ဒါပေမယ့် ချော်သွားတယ်၊
လှံစွပ်ဟာ ကျောက်တုံးကို ထိုးမိပြီး ကျိုးသွားတယ်၊
ရန်သူက ခင်ဗျားကို ဓားနဲ့ထိုးဖို့ပြေးလာပြီ၊ ခင်ဗျား ဘာလုပ်မလဲ ”
“ ကျနော် သစ်ပင်ပေါ် တက်ပြေးမယ် ”
“ သဲကန္တာရမှာ သစ်ပင် မရှိဘူး ”
သင်တန်းသားက ချောင်းပိတ်ခံလိုက်ရသလိုဖြစ်သွားတယ်။
သင်တန်းနည်းပြကိုလည်း မကျေမချမ်း ဖြစ်သွားပြီးမေးတယ်။
“ နေပါဦး၊
ခင်ဗျားက ဘယ်သူ ဖက်က တိုက်နေတာလဲ ”
No comments:
Post a Comment