တစ်ညနေမှာ ကိုဉာဏ်လင်းဆိုတဲ့ လူတစ်ဦးဟာ
ဘူးထဲက ဖယောင်းတိုင်တစ်တိုင်ကို ယူပြီး
လေပြင်းတိုက်နေတဲ့ လှေခါးအတိုင်း အပေါ်ကို တက်ခဲ့ပါတယ်။
“ ကျနော်တို့ ဘယ်သွားမလို့လဲ ”
လို့ ဖယောင်းတိုင်က မေးပါတယ်။
“ သဘောင်္တွေအတွက် ဆိပ်ကမ်းနေရာကိုပြဖို့
အိမ်ထက်မြင့်တဲ့ နေရာကို သွားမလို့လေ ”
ဒီတော့ ဖယောင်းတိုင်က
“ ဆိပ်ကမ်းမှာ ကပ်နေတဲ့ ဘယ်သဘောင်္မှ ကျနော့်အလင်းရောင်ကို
မမြင်နိုင်ပါဘူးဗျာ။
ကျနော့်အလင်းက မှုန်မှုန်ဝါးဝါးလေးမို့ပါ ”
လို့ပြန်ပြောပါတယ်။
“ မင်းရဲ့အလင်းက အားနည်းရင် လင်းနိုင်သလောက် လင်းအောင်သာ ကြိုးစားပါ။
ကျန်တဲ့အပိုင်းကို ငါ တာဝန်ယူပါတယ် ”
လို့ ကိုဉာဏ်လင်းက ပြောပါတယ်။
သူတို့ ခြေလှမ်းပေါင်းများစွာ လှမ်းပြီးနောက် ထိပ်ဆုံးကို ရောက်လာတဲ့အခါ
မီးအိမ်ကြီးတစ်လုံးကို တွေ့ပါတယ်။
အဲဒီကိုဉာဏ်လင်းဟာ ဖယောင်းတိုင်လေးကို ယူပြီး မီးအိမ်ကို မီးညှိလိုက်ပါတယ်။
မကြာမီမှာပင် မီးအိမ်နောက်ဖက်ရှိ တဖိတ်ဖိတ် အရောင်လင်းလက်နေတဲ့ ရောင်ပြန်ဟပ်တဲ့
ပစ္စည်းမှ အလင်းရောင်တန်းများကို ထုတ်ပေးပါတယ်။
အဲဒီ ဖယောင်တိုင်းရဲ့အရောင်တန်းများဟာ ပင်လယ်ထဲကို
မိုင်ပေါင်းများစွာ လင်းလက် ဖြာထွက်သွားပါတယ်။
ကျနော်တို့ဟာ ဖယောင်းတိုင်လေးလို
ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းလျှော့တွက်တတ်ကြတယ်။
အဲဒီလို လျှော့တွက်တဲ့အတွက်ကြောင့်လည်း
ကိုယ်စွမ်းကိုယ်စကို ၁၀-ရာခိုင်နှုန်းလောက်ကိုသာ
အသုံးပြုဖြစ်ကြပါတယ်။
ဒါကြောင့်လည်း ဖြစ်သင့်တာထက် အမြဲတမ်းလျော့နည်းနေတတ်ပါတယ်။
အဲဒီလို မဖြစ်ချင်ဘူးဆိုရင်တော့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့
လင်းနိုင်သမျှ ဆက်လက် လင်းလက်နေအောင် ကြိုးစားအားထုတ်ဖို့ဖြစ်ပါတယ်။
အဲဒီလိုသာဆိုရင် ကျနော်တို့ရဲ့ အောင်မြင်မှုအတိုင်းအတာကတော့
ကျနော်တို့ မျှော်မှန်းတာထက် အများကြီး (အများကြီး) များသွားနိုင်တယ်ဆိုတာကို
ကျနော်တို့ ကိုယ်တိုင် တအံ့တသြ ဖြစ်သွားပါလိမ့်မယ်။
No comments:
Post a Comment