တစ်ခါတုန်းက
ပန်းခြံထဲမှာရှိတဲ့ မြင့်မားတဲ့ သစ်ပင်ကြီးတစ်ပင်ပေါ်က
ရှဥ့်ကလေးတစ်ကောင်ဟာ
နောက်သစ်ပင်ကြီးတစ်ပင်ပေါ်ကို
လှမ်းခုန်ကူးတာကို တွေ့လိုက်ရတယ်။
သူရည်ရွယ်ပုံရတဲ့ ဒုတိယသစ်ပင်ကြီးမှ သစ်ကိုင်းက
သူနဲ့ အတော်ပင် အလှမ်းဝေးလှပါတယ်။
မြင့်လည်း အမြင့်ကြီးဖြစ်တယ်။
သူလုပ်ပုံက စွန့်စားတာနဲ့မတူ၊
ကိုယ်ကိုယ်ကိုယ်သေကြောင်းကြံတာနဲ့ပိုတူနေတယ်။
သူအားထုတ်ပြီးခုန်ကူးလိုက်ပါတယ်။
သူခုန်ကူးတဲ့အကိုင်းကြီးဆီကို မရောက်ပါ။
လေထဲတွင် ပြုတ်ကျသွားပါတယ်။
ဒါပေမယ့် အောက်ဘက် အတော်နိမ့်တဲ့ သစ်ကိုင်းတစ်ခုမှာ
ဘေးမသီ ရန်မခ သွားချိတ်မိတယ်။
ပြီးတော့ ဘာမှ မမှုသလို ဟန်မျိုးနဲ့
သူနဂိုရည်မှန်းရာသစ်ကိုင်းကြီးဆီကို ပြေးတက်သွားတယ်။
အတော်ဟုတ်တဲ့အကောင်။
ခုံတန်းလျားပေါ်မှာ ထိုင်နေတဲ့ အဘိုးကြီးတစ်ယောက်ကလည်း
သဘောကျစွာ မှတ်ချက်ချတယ်။
“ အံ့သြစရာကွ၊ ဒီကောင်တွေခုန်တာ ကိုယ်အကြိမ်ပေါင်း ရာချီပြီ မြင်ဖူးတယ်။
အထူးသဖြင့် အောက်မှာ ခွေးတွေဝိုင်းနေလို့ မြေကြီးပေါ် မဆင်းနိုင်တဲ့အချိန်၊
ခုန်တယ်။ များသောအားဖြင့် လွဲသွားတာပဲ။
ဒါပေမယ့် အဲဒီလို ကြိုးစားရင်း နာသွားတာ၊ ဒုက္ခရောက်သွားတာ၊
တစ်ခါမှ မတွေ့ရဘူးကွ ”
လို့ အဘိုးကြီးက ကျေနပ်အားရဟန်နဲ့ ရီတယ်။
ပြီးတော့ အဘိုးကြီးက ဆက်ပြောတာက
“ အေးလေ၊ သစ်ပင်တစ်ပင်တည်းပေါ်မှာချည်း
တစ်သက်လုံး အချိန်မဖြုန်းချင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ ”
လို့ဆိုပါတယ်။
ဒီစကားကြားပြီးခေါင်းထဲအတွေးတစ်ခုဝင်လာပါတယ်။
“ ရှဥ့်တစ်ကောင်တောင် ရှိတဲ့အခွင့်အရေးကို ရယူဖို့ ကြိုးစားတယ်။
ငါဟာလည်း ရှဥ့်လောက်တော့ သတ္တိရှိဖို့လိုတယ် ”
Ref: [ Once There Was a Squirrel by Oscar Schisgall ]
No comments:
Post a Comment