တတိယတန်း ကျောင်းသားတစ်ဦးဟာ အတန်းထဲမှ
အကောင်းဆုံး စာဖတ်သမားဆုကို ရခဲ့ပါတယ်။
သူရခဲ့တဲ့ ဆုအတွက် ဂုဏ်ယူမဆုံးဖြစ်ပြီး၊
သူ့အိမ်ရှိ အိမ်ဖော်အား သွားကြွားပါတယ်။
“ ဒေါ်မာလာ
ခင်ဗျား ကျနော်ဖတ်သလို ဖတ်နိုင်သလားဆိုတာ ကြည့်ရအောင် ”
အိမ်ဖော် အမျိုးသမီးကြီးဟာ စာအုပ်ကိုယူလိုက်ပါတယ်။
အနီးကပ်ပြီးကြည့်ပါတယ်။
နောက်ဆုံးထစ်ထစ်ငေါ့ငေါ့အသံဖြင့် …
“ ဘာဖြစ်လို့လဲ တူးတူးရယ်…
ဒေါ်မာလာကစာမဖတ်တတ်ပါဘူး ”
လို့ပြန်ပြောပါတယ်။
ဒေါင်းတစ်ကောင်လို မာနတက်ပြီး ကောင်ငယ်လေးဟာ
ဧည့်ခန်းထဲကို ပြေးဝင်သွားရင်း သူ့အဖေအား
“ ဖေဖေရေ…
ဒေါ်မာလာက စာမဖတ်တတ်ဘူး၊
သားက (၈)နှစ်ပဲရှိသေးတယ်။
စာဖတ်တော်တဲ့ ဆုတောင်ရခဲ့တယ်။
သူ ဘယ်လိုခံစားရမယ်ဆိုတာ သားတော့ မပြောတတ်ပါဘူး၊
မဖတ်တတ်တဲ့ စာအုပ်ကို ကြည့်ပြီး ဘယ်လိုခံစားရမလဲ မသိဘူးနော်…”
လို့ အော်ပြောပါတယ်။
ဖခင်က စကားတစ်ခွန်းမှ ပြန်မပြောဘဲ စာအုပ်စင်ကို သွားပြီး
စာအုပ်တွဲ တစ်တွဲကို ယူလာပါတယ်။
ပြီးတော့ သားငယ် တူးတူးကိုပေးလိုက်ပါတယ်။
“ သူ ဒီလိုခံစားရတယ် ”
လို့ပြန်ပြောလိုက်ပါတယ်။
စာအုပ်မှာ တရုတ်ဘာသာစကားနဲ့ရေးထားတဲ့အတွက်
တူးတူးမှာ စာတစ်ကြောင်းမှပင် မဖတ်နိုင်ပါ။
သားငယ်လေး တူးတူးဟာ အဲဒီအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့တော့ပါဘူး။
နောက်ပိုင်းမှာ ကြွားချင်တဲ့စိတ်ပေါ်လာတိုင်း သူ့ကိုယ်သူ
“ မင်း တရုတ်စာ မဖတ်တတ်တာကို သတိရပါ ”
လို့ ကိုယ့်ကိုယ်ကို အမြဲတမ်းသတိပေးတတ်ပါတယ်။
1 comment:
ကောင်းတယ် ဒါပေမဲ့ လူတွေ က အဲဒါကိုမေ့နေကြတယ်။ တစ်ချို့သောသူများဟာ သူသိရှိမှုအပေါ်..မသိသူကို အမြဲအနိုင်ယူကြတယ။် အဲဒီလူရဲ့သိရျိမှုကို အားသာမှုကို ignore လုပ်ထားကြတယ်။ အားနည်းမှုကိုဘဲဖိနိပ်ချင်ကြတယ်။
Post a Comment