တနင်္ဂနွေနေ့တိုင်း တရားဟောဆရာဟာ
ကလေးငယ်တွေကို ဘုရားရှိခိုးကျောင်းရဲ့အရှေ့ဘက်ကို
ခေါ်ပြီး ပုံပြင်လေးတွေကို ပြောပြလေ့ရှိပါတယ်။
တစ်နေ့တွင်
ဆုတောင်းခြင်းကို ပိုမိုပေါ်လွင်ပြီး သဘောပေါက်လာဖို့အတွက်
နမူနာအဖြစ် တယ်လီဖုန်းတစ်လုံးကို ဝယ်လာခဲ့ပါတယ်။
“ ကလေးတို့၊
မင်းတို့ တယ်လီဖုန်းနဲ့စကားပြောတဲ့အခါ
တစ်ဖက်ကလူနဲ့ စကားတော့ပြောလို့ရတယ်။
ဒါပေမယ့် တစ်ဖက်က စကားပြောနေတဲ့လူကို မမြင်တွေ့ရဘူးမို့လား ”
လို့ တရားဟောဆရာက စပြီးရှင်းပြပါတယ်။
ကလေးတွေက စူးစိုက်ပြီးနားထောင်နေကြပါတယ်။
တရားဟောဆရာက ဆက်ပြီးရှင်းပြပါတယ်။
“ ဘုရားသခင်ဆီမှာ ဆုတောင်းတယ်ဆိုတာလည်း
တယ်လီဖုန်းစကားပြောသလိုပဲကွယ့်။
ဘုရားသခင်က
တယ်လီဖုန်းလိုင်းရဲ့ တခြားဘက်မှာ ရှိနေတယ်။
သူက ကလေးတို့ ဆုတောင်းတဲ့အသံကို နားထောင်နေတယ်။
ဒါပေမယ့် သူ့ကိုတော့ မတွေ့ရဘူးပေါ့၊
သူကတော့ တစ်ဖက်ကနေ နားထောင်နေ……….”
တရားဟောဆရာ ရှင်းပြတာကို
ဆုံးအောင် နားမထောင်နိုင်တော့ဘဲ၊
ကလေးတစ်ဦးကထပြီး
”သူ့ရဲ့ တယ်လီဖုန်းနံပါတ်က ဘယ်လောက်ပါလဲ ”
လို့ မေးလိုက်ပါတော့တယ်။
No comments:
Post a Comment