တစ်ခါတုန်းက
မိမိအရိပ်ကို ပျောက်လိုတဲ့ ဆန္ဒပြင်းပြတဲ့
လူတစ်ယောက်ရှိပါတယ်။
သူ ဘာလုပ်လုပ်၊
ဘယ်လိုပင် ကြိုးစားသော်လည်း
သူ့ရဲ့အရိပ်ကို ဖျောက်လို့မရနိုင်ပါ။
သူဟာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကြည့်ပါတယ်။
ရေထဲကို ဒိုင်ဗင်ထိုးဆင်းကြည့်ပါတယ်။
ဒါပေမယ့် သူ့အရိပ်ကို ဖျောက်လို့မရပါ။
သူ့ရဲ့အရိပ်ဟာ သူ့ဘေးမှာ ရှိမြဲရှိနေပါတယ်။
ပညာရှိတစ်ဦးက အဲဒီလူရဲ့ ပြဿနာကို ကြားပြီး
“ ဒါ သိပ်လွယ်တဲ့ကိစ္စပါ၊
ကမ္ဘာပေါ်မှာ အလွယ်ဆုံးပါကွာ ”
လို့ မှတ်ချက် ချပါတယ်။
“ ဟုတ်လား၊
ဘယ်လိုများ လုပ်ရပါသလဲ ”
လို့ အနီးအနားတွင်ရှိသူက
ပညာရှိကြီးအား မေးလိုက်ပါတယ်။
“ သြော် ဒါလား၊
အဲဒီလူ သူ့အရိပ် ပျောက်ဖို့အတွက် လုပ်ရမှာက
အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ
ဝင်ရပ်ဖို့သာလိုပါတယ် ”
လို့ ပြောလိုက်ပါတယ်။
No comments:
Post a Comment