လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက
တရုတ်ပြည်မြောက်ပိုင်းတွင် အဖိုးအိုကြီးတစ်ဦးနေပါတယ်။
သူ့အိမ်ဟာတောင်ဘက်ကို မျက်နှာမူနေပါတယ်။
သူ့အိမ်ရှေ့တည့်တည့်မှာ ဧရာမတောင်ထိပ်ကြီးနှစ်ခုက
မားမားကြီးရှိနေပါတယ်။
အဲဒီတောင်နှစ်လုံးဟာတောင်ဘက်လမ်းကို ပိတ်နေပါတယ်။
သူဟာ သူ့သားတွေနှင့် တိုင်ပင်ဆွေးနွေးပြီး
လေးနက်တဲ့ သံန္နိဋ္ဌာန်တစ်ခုတစ်ခုချမှတ်ပါတယ်။
အဲဒီနောက် သားအဖတွေဟာ ပေါက်ပြားတွေယူပြီး
အဲဒီတောင်ကြီးနှစ်လုံးကို တဖြည်းဖြည်းချင်း ဖဲ့ပါတော့တယ်။
သူတို့သားအဖတစ်တွေ အလုပ်လုပ်နေတာကို
တွေ့ကြတဲ့ အိမ်နီးချင်းတွေက ခေါင်းတခါခါ၊ လည်တခါခါနဲ့
“ ဒီလောက် မိုက်မဲတာ မတွေ့ဖူးပါဘူး။
ဒီလောက်ကြီးမားတဲ့ တောင်ကြီးကို ဖယ်ရှားဖို့ဆိုတာ
လုံးဝ မဖြစ်နိုင်ဘူး ”
လို့ အော်ပြောကြပါတယ်။
ဖခင်ဖြစ်တဲ့ လူအိုကြီးက ပြုံးပြီးပြန်ပြောပါတယ်။
“ ဟုတ်ပါတယ်၊
အခုချက်ချင်းကတော့ တောင်ကြီးကို ဖယ်ရှားဖို့ဆိုတာ
မဖြစ်နိုင်ဘူးဆိုတာဟုတ်မှာပါ။
ကျနော်သေရင် ကျနော့်သားတွေက ဆက်လုပ်ပါလိမ့်မယ်။
သူတို့တွေသေရင် မြေးတွေက ဆက်လုပ်လိမ့်မယ် ။
မြေးတွေသေရင် မြစ်တွေက ဆက်လုပ်လိမ့်မယ်။
ဒီလိုနည်းနဲ့လုပ်ခဲ့မယ်ဆိုရင် တစ်နေ့မှာတော့
တောင်ကြီးဟာ ပြိုသွားပါလိမ့်မယ်။
တောင်ကြီးတွေက မြင့်မားတယ်ဆိုတာ မှန်ပါတယ်။
ဒီထက်ပိုပြီး မြင့်မလာနိုင်တော့ပါဘူး။
ဒါပေမယ့် ကျနော့်တို့ရဲ့ခွန်အားတွေကတော့ အမြဲကြီးမား ရှင်သန်နေမှာပါ။
မြေတွေကို တစ်ကြိမ်နည်းနည်း ဖယ်ရှားနိုင်တာနဲ့အမျှ
ပန်းတိုင်နား ပို၍ ပို၍ နီးကပ်လာမှာပါ။
ထိုင်ပြီး ဘာမှ မလုပ်ဘဲ ဒီတောင်ကြီးတွေက နေကို ကာထားနေတာပဲ
လို့ ညည်းတွားပြီးထိုင်နေတာထက်စာရင်
တစ်ခုခုလုပ်တာပိုကောင်းပါတယ် ”
လို့အဖိုးအိုက ရှင်းပြပါတယ်။
ယုံကြည်မှုအပြည့် နဲ့ အဖိုးအိုဟာ တောင်ကြီးကို ဆက်ပြီး တူးဖြိုပါတယ်။
မိုးနတ်မင်းကြီးဟာ အဖိုးအိုရဲ့ အားထုတ်မှုကို မြင်ရတော့ မနေနိုင်တော့ပါ။
တောင်နှစ်လုံးကို ပခုံးထက်တွင် တင်ပြီး တစ်နေရာကို ရွှေ့ပေးလိုက်ပါတော့တယ်။
1 comment:
လာဖတ်သွားပါတယ် ဆရာ
Post a Comment