ကမ္ဘာ့တစ်ထောင့်မှာ အဖော်ကင်းမဲ့ပြီး
တုန်တုန်ရီရီဖြစ်နေတဲ့ အမှောင်ထုကို တွေ့ရပါတယ်။
အမှောင်ထုဟာ
သုန်မှုန်တဲ့ မျက်နှာထားနဲ့ ဆောင့်ကြောင့်ထိုင်နေပါတယ်။
ရုတ်တရက်မှာပင် ပစ်ပယ်ထားတဲ့ အဲဒီထောင့်နေရာမှာ
သေးငယ်တဲ့ အလင်းရောင်လေးပေါ်လာပါတယ်။
သေးတော့ သေးပါတယ်။
ဒါပေမယ့် အလင်းဖြစ်ပါတယ်။
တစ်ဦးဦး က
အဲဒီအလင်းကိုလာထားခြင်းဖြစ်ပါတယ်။
အလင်းဟာ အဲဒီနေရာမှာ နေရင်း
အလင်းဓာတ်ကို ဖြန့်ပေးနေပါတယ်။
အနားက ဖြတ်သွားသူတစ်ဦးက
“ ခင်ဗျားဟာ အဲဒီအမှောင်ချောင်ထဲမှာ မဟုတ်ဘဲ၊
အခြားတစ်နေရာရာမှာ ဆိုရင်
ပိုအကျိုးပြုနိုင်မယ်လို့ မထင်ဘူးလား ”
လို့ အကြံပေးပါတယ်။
“ ဘာကြောင့်လဲ ”
လို့ အလင်းကမေးပြီး ဆက်ပြောလိုက်တာက
“ ကျနော်တောက်ပတာ ကျနော်က အလင်းဖြစ်လို့ပါ။
အလင်းဖြစ်လို့လည်း ကျနော်တောက်ပတာပါ။
ကျနော်ကို မြင်စေလိုတဲ့
သဘောနဲ့တောက်ပတာလည်းမဟုတ်ပါဘူး။
လုံးဝမဟုတ်ပါ။
အလင်းဓာတ်ပေးနေရတာကို
ကျနော်က ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။
ဒါကြောင့် တောက်ပနေတာပါ။
အလင်းဖြစ်ရခြင်းကို ကျနော်က ဂုဏ်ယူဝမ်းမြောက်နေတာပါ ”
လို့ အလင်းက ပြန်ပြောပါတယ်။
မှောင်ကုတ်ကုတ် အမှောင်က
ကြားတဲ့အခါ
“ အံကြိတ်ပြီး
ဒေါသကြီးကြီးနဲ့ အလင်းကို ပျောက်အောင်
ကြိုးစားအားထုတ်ပါတယ်။
ဒါပေမယ့်
အင်အားကြီးမားလှတဲ့
အမှောင်ထုဟာ သေးငယ်တဲ့
အလင်းငယ်လေးကို အံတုဖို့ စွမ်းအားမဲ့နေပါတော့တယ်။
No comments:
Post a Comment