ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားတောင်ပိုင်းဒေသမှာ
ခရီးသွားတစ်ဦးဟာ အိမ်ငယ်လေးတစ်လုံးတွင် နေထိုင်တဲ့
အလွန်ရိုးသားတဲ့ အဖွားအိုတစ်ဦးကို တွေ့ခဲ့ရပါတယ်။
“ ရှင် မော်စကို ဆီကို ခရီးသွားခွင့်ပါသလား ”
လို့ အဖွားအိုကြီးက မေးပါတယ်။
ခရီးသွား အမျိုးသမီးက သွားခွင့်ကြုံမယ့်အကြောင်း ပြောပါတယ်။
“ အဲဒီလိုဆိုရင် အိမ်ဖြစ်တော်ဖီတစ်ထုပ်လောက်
အဖွားရဲ့ သားအတွက် လက်ဆောင်ပေးလိုက်ရင် ယူသွားပေးနိုင်ပါသလား ”
လို့ အဖွားအိုကြီးကမေးပါတယ်။
“ သူမော်စကိုမှာဆိုရင် အဲ့ဒီတော်ဖီမျိုး မရနိုင်ဘူး ”
လို့ အဖွားအိုက ဆက်ပြောပါတယ်။
အဖွားအိုကြီးရဲ့သားမှာ ဂျိုးဇက်စတာလင် ဖြစ်ပါတယ်။
ရုရှားနိုင်ငံကြီး တစ်ခုလုံးကို အုပ်စိုးခဲ့တဲ့
အာဏာရှင်ကြီးဖြစ်ခဲ့သူ ဂျိုးဇင်စတာလင်ကို
တော်ဖီကြိုက်သူတစ်ဦးဖြစ်မယ်
လို့ ဘယ်သူမှ စဉ်းစားမိခဲ့မှာမဟုတ်ပါ။
ဒါပေမယ့် မိခင်ဖြစ်တဲ့ အဖွားအိုကြီးအတွက်မူ
အရှိန်သြဇာကြီးမားခြင်း၊
အာဏာရှင်ဆိုတဲ့ အထိမ်းအမှတ်တံဆိပ်တွေဟာ
ထည့်သွင်းစဉ်းစားစရာတော့ မဟုတ်ပါ။
မိခင်ဆိုတာဟာ သားကို ရိုးသားစွာချစ်နေတဲ့
မိခင်စိတ်နဲ့သာ စဉ်းစားပါလိမ့်မယ်။
No comments:
Post a Comment