တစ်ခါတုန်းက
ငါးဖမ်းပြီးအသက်မွေးရတဲ့ တံငါသည်မိတ်ဆွေနှစ်ယောက်ရှိတယ်။
တစ်ယောက်က လုပ်ငန်းအစဉ်ပြေတယ်။
နောက်တစ်ယောက်ကအစဉ်မပြေပါ။
တစ်ခုသောဥပုသ်နေ့တွင် အဆင်ပြေတဲ့တံငါသည်ဟာ ဥပုသ်သွားစောင့်တယ်။
နောက်တစ်ယောက်က အဆင်မပြေတော့ ငါးကိုသာဆက်ဖမ်းနေရတယ်။
ဥပုသ်မစောင့်နိုင်ပါ။
ဒါပေမယ့်
ဥပုသ်စောင့်တဲ့ တံငါသည်ဟာ ခန္ဓာကိုယ်ကသာ ဘုန်းကြီးကျောင်းရောက်နေတယ်။
သူ့စိတ်ကား ငါးဖမ်းတဲ့အလုပ်ဆီ ရောက်နေပါတယ်။
“ ငါ ဥပုသ်လာစောင့်တာ မှားပြီ။
ဒီနေ့အတွက် ရမယ့်ငါးတွေ ငါမရတော့ဘူး။
ဟိုကောင်တစ်ယောက်တည်း ရတော့မှာ ”
ဆိုတဲ့အတွေးတွေကို တွေးပြီး အကုသိုလ်စိတ်တွေသာ ဝင်နေပါတယ်။
ကျန်ခဲ့တဲ့ တံငါသည်ဟာ ဝမ်းရေးမပြည့်စုံလို့သာ ငါးဖမ်းနေရတယ်။
စိတ်က ဘုန်းကြီးကျောင်းရောက်နေတယ်။
“ ခုချိန်ဆိုရင် ငါ့မိတ်ဆွေကတော့ သီလယူနေလောက်ပြီ။
ခုချိန်ဆိုရင် ငါ့မိတ်ဆွေ တရားနာနေလောက်ပြီ ”
ဆိုတဲ့ အတွေးတွေတွေးပြီး ဘုရား၊တရား၊သံဃာအကြောင်းတွေးပြီး
ငါးဖမ်းနေပေမယ့် ကုသိုလ်တွေသာ ဖြစ်နေပါတယ်။
ကဲ…
ဘယ်သူက ကုသိုလ်ရနေပါသလဲ ….
ဘယ်သူက အကုသိုလ်ဖြစ်နေသလဲ...
ဘာဘဲလုပ်လုပ် ကုသိုလ်စိတ်ဖြစ်ဖို့က
အဓိက ပိုကျပါလိမ့်မယ်။
မြတ်စွာဘုရားကလည်း စေတနာကို
ကံလို့ဟောထားပါတယ်။
စေတနာကောင်းနဲ့လုပ်တဲ့စိတ်က
ကုသိုလ်ဖြစ်နေတာမို့
တံငါအလုပ်ကို ဝမ်းရေးအတွက်လုပ်နေရပေမယ့်
စိတ်စေတနာက ကုသိုလ်အလုပ်အပေါ်
စိတ်ရောက်နေတာမို့
ငါးဖမ်းနေတဲ့ တံငါသည်က ကုသိုလ်ရနေပါတယ်။
No comments:
Post a Comment