Friday, December 10, 2010

“ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး…”



အာဖရိကတိုက် မြောက်ပိုင်းဟာ

တစ်ချိန်က ရောမအင်ပါရာရဲ့

ဥယျာဉ်ကြီးသဖွယ် ရှိခဲ့ပါတယ်။


ဒါပေမယ့်

မျက်မှောက်ကာလမှာတော့

မြို့သေများတည်ရာ မြို့သင်္ချိုင်းလို ဖြစ်နေပါတယ်။

မြို့တွေဟာ သဲတွေ အောက်မှာ ဖုံးအုပ်ပျောက်ကွယ်နေပါပြီ။


အဓိကအကြောင်းရင်းကတော့

အထိန်းအကွပ်မဲ့ သစ်ပင်များခုတ်လှဲမှု၊

နဲ့ ညံ့ဖျင်းတဲ့ စိုက်ပျိုးရေးနည်းစနစ်များ

အသုံးပြုများမှုကြောင့်

အဲဒီဒေသရဲ့ အပေါ်ယံ မြေဆီလွှာများ

တိုက်စားခံခဲ့ရပြီ ဖြစ်ပါတယ်။


တာကီနိုင်ငံမှ မြို့ကြီးများဖြစ်ခဲ့တဲ့

Ephesus နဲ့Tassus တို့ဟာ တစ်ချိန်က

အလွန်စည်ကားတဲ့ ပင်လယ်ဆိပ်ကမ်းမြို့ကြီးများဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ ပတ်ဝန်ကျင်ကို တလွဲ အသုံးချမှုကြောင့်

သဲမြေပြင်အတိ ဖြစ်နေပါပြီ။


လက်ဘနွန်နိုင်ငံရဲ့ ထင်ရှားတဲ့ စီဒါ သစ်တောများလည်း

ဖြတ်တောက်ခံရမှုကြောင့် သစ်တောပြုန်းနေပါပြီ။


ဟီးဘရူးခေတ်ကတည်းက

မြေဆီလွှာထိန်းသိမ်းမှုစနစ်

မကောင်းမှု နဲ့

မှားယွင်းမှုတို့ကြောင့်

အခုအခါမှာတော့ ပါရှင်ပင်လယ်ကွေ့မှာ

မိုင် ၁၈၀ လောက်သဲပြင်ကြီးဖြစ်လာပါတော့တယ်။


လူသားတို့ဟာ

မိမိတို့ နေထိုင်ရာ ကမ္ဘာမြေရဲ့ သဘာဝဟန်ချက်ညီနေမှု

ကို မလေးမစားလွဲမှားစွာ ဆက်လက်လုပ်နေဦးမယ်ဆိုရင်

သဲကန္တာရ ဖြစ်ဦးမယ့်

ပျောက်ကွယ်တိမ်ကောဦးမယ့်

နိုင်ငံ နဲ့ သစ်တောတွေ အတော်များများရှိလာဦးမှာပါ။


သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုတာ

ဘယ်တော့မဆို လုပ်သင့်လုပ်ထိုက်တဲ့

လုပ်ငန်းတစ်ခုဖြစ်ကြောင်းပါခင်ဗျား။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com