တစ်ခါတုန်းက
ဘုရားရှင်ရဲ့အပြစ်ကို ဆီလိုအပေါက်ရှာနေတဲ့ တိတ္ထိဆရာကြီးတစ်ဦးက
သူ့ရဲ့တပည့်ရွာသူကြီးတစ်ဦးကို ပြောရမယ့်စကားကို သင်ပေးပြီး၊
ဘုရားရှင်ဆီ လွှတ်လိုက်တယ်။
အဲဒီရွာသူကြီးက
“ မြတ်စွာဘုရားဟာ
တစ်လောကလုံးကို သနားကရုဏာထားသူလို့လည်း
ကြားဖူးပါတယ်။
ဒါပေမယ့် အခုလို လူသားတွေ အငတ်ဘေးဆိုက်နေချိန်မှာ
ဆွမ်းခံကြွတာဟာ
လူသားတွေအပေါ် အကြင်နာကင်းရာ မရောက်ပေဘူးလား ”
အဲဒီအခါ ဘုရားရှင်က-
“ ငါ သံသရာ၌ ကျင်လည်ခဲ့သမျှသော ကာလပတ်လုံး
ဒါနပြု၍ ဆင်းရဲသွားသူဟူ၍
တစ်ယောက်မျှ မတွေ့ဖူးပေ။
ဒါနကြောင့် စီးပွားဥစ္စာပေါများသွားသူများကိုသာ တွေ့ဖူးသည်။
အသောက်အစား၊
အပျော်အပါး၊
လောင်းကစားကြောင့်
ဆင်းရဲသွားသူများကိုသာ တွေ့ဖူးသည်။
ဟု မိန့်ကြားတော်မူလေသည်။
( ပါရာဇိကဏ်ပါဠိတော်- ဝေရဉ္ဇပုဏ္ဏားကြီး၏ ဝတ္ထု….မှ )
No comments:
Post a Comment