Friday, December 10, 2010

" မနာလိုကင်း ဝန်တိုရှင်း..."


လူ့ဘုံအောက်တွင်ရှိသော အပါယ်လေးဘုံတွင်

ဆင်းရဲဒုက္ခတွေများလွန်းအားကြီးသောကြောင့် မည်သည့်ကုသိုလ်မှ

ပြုလုပ်၍ မရပေ။

လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့တွင်ကား

ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့်

မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍

မရပြန်ပေ။

ဥပမာအားဖြင့် နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့တွင် အလှူခံပုဂ္ဂိုမရှိသောကြောင့် ဒါနကုသိုလ် မည်သို့မျှ

မဖြစ်နိုင်ခြင်းမျိုးပင်တည်း။

နတ်ပြည်သည် လူ့ဘဝကရှာဖွေလာသော ကုသိုလ်များကို

သုံးစွဲရာ ဈေးတန်းတစ်မျိုးသားဖြစ်သည်။


သမင်သည်

ပတ္တမြားကို မြင်သော်လည်း ဂရုမစိုက်ဘဲ မြက်ကိုသာ

စားပြီးတောတွင်းသို့ဝင်သွား၏။

ထို့အတူ ပညာမဲသော လူသားသည်လည်း လူ့ဘဝကို ကုသိုလ်ရဖို့

အသုံးမချဘဲ ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်

ဤကား ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်တစ်ခုပင် ဖြစ်၏။


ဆင်းရဲခြင်း၏အတိတ်အကြောင်းသုံးပါး…”

ယင်းတို့မှာ

၁။ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

၂။ သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

၃။ ဣဿာမစ္ဆရိယများခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်းတို့ပင် ဖြစ်ပါသည်။

ထိုသုံးမျိုးအနက် ဒါနမပြုသောကြောင့် ဆင်းရဲမွဲတေရသူများသည် လုံ့လဝီရိယဖြင့် ရှာဖွေခဲ့လျှင်

စားနိုင်သောက်နိုင်ဘဝကိုရောက်သေးသည်။

သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား ရှာဖွေလို့လည်း မလွယ်ကူ၊

အစစ အဆင်ပြေ၍ ရှာဖွေရခဲ့သော်လည်း မီး၊ မင်း၊ သူခိုး၊ ရေ၊ အမွေခံဆိုးဟူသော

ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရသဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။

ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား

ထိုထက်ဆိုးပါသေး၏။

ရှာလို့ဖွေလို့ ဘယ်လိုမှ မရသည့်အပြင် လူတိုင်းကို သနားညှာတာပြီး

ကူညီတတ်သူများပင် ဣဿာမစ္ဆရိယသမားများနှင့်တွေ့လျှင်

ကူညီလိုစိတ်၊သနားညှာတာစိတ်များ

အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်းလှပါ၏။


မနာလိုကင်း

ဝန်တိုရှင်း

လက်ငင်းချမ်းသာကြရမည်။

( မဟာစည်ဆရာတော် )


သဘောထားသေးသိမ်သောသူသည်

သူတစ်ပါး၏အပြစ်ကို သာ မြင်လေ့ရှိသည်။

သဘောထားပြည့်ဝသောသူကား

မိမိကိုယ်ကိုသာ အပြစ်မြင်တော့သည်။

သဘောထားအပြည့်ဝဆုံးသော သူသည်ကား

မည်သူ့အပေါ်မှ အပြစ်မမြင်တော့ပေ….

( ကွန်ဖြူရှပ် )


သင် ထိပ်ဆုံးရောက်နေချိန်တွင်

ဘာတွေလုပ်သလဲဆိုတာက

သင့်အောင်မြင်မှုလို့ ပြောမရပါ။

သင်အောက်ဆုံးရောက်သွားချိန်တွင်

ဘယ်လောက်မြင့်အောင်ပြန်ကန်ထွက်နိုင်သလဲ

ဆိုတာကသာ သင့်အောင်မြင်မှုဖြစ်ပါတယ်။

( ဂျော့ဘက်စ် ပက်တန် )


အခက်အခဲ၊

ဘေးဒုက္ခများကြုံခြင်းလောက်

ပညာရတာ ဘာမျှမရှိ။

( ဘင်ဂျမင် ဒစ်စရေလီ )


ကျွန်ုပ်တို့၏ အချိန်ကို မှန်ကန်စွာ

အသုံးချတတ်လျှင်

ကျွန်ုပ်တို့တွင် အချိန်လုံလုံလောက်လောက်

ရှိသည်။

( ဂိုထေး )


သူက အခြားသူများအား

များများပေးလေလေ

သူပိုင်တွေပိုပြီးများလာလေလေပင်။

( လောက်ဇူး )


ရိုးသားသန့်စင်စွာ နှင့်

ဟန်ချက်ညီစွာနေထိုင်ခြင်းသည်

သင့်အတွက်နှင့်ကမ္ဘာလောကကြီးအတွက်

အကျိုးအရှိဆုံးဖြစ်၏။

( ဒီပက် ချော့ပရာ )


စဉ်းစားချင့်ချိန်ကြည့်လျှင်

အပြောင်းအလဲ အားလုံးသည်

ထူးဆန်းအံ့ဖွယ်ချည်းဖြစ်၏

( ဟင်နရီဒေးဗစ်သော်ရိုး )


ခူကောင်က ဘဝနိဂုံးဟုခေါ်သည့်အရာကို

ဘုရားသခင်က လိပ်ပြာဟုခေါ်တွင်တော်မူသည်။

(ရတ်ချတ် ဘာ့စ် )


တရားထိုင်ခြင်း ( ဗုဒ္ဓနည်း )

မျက်စိမှိတ်သွားရတဲ့လေ့လာရေးခရီးပါဗျာ။

သိပ်အကျိုးရှိတယ်။

( အမေရိကန် ဘိဇနက်လောကက ပဂေးကြီး )

…………………………………………………………………

စိတ်ဝိညာဉ် သန့်ရှင်းရေးအတွက်

ဆိုရင် တစ်ခုတည်းသော နည်းလမ်းလို့

ထင်တာပဲ

( အိုင်းစတိုင်း )

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com