ဝိပဿနာပညာရှိသူသည် ခြင်္သေ့ကဲ့သို့ကျင့်၏။
ဝိပဿနာပညာမရှိသူသည် ခွေးကဲ့သို့ကျင့်၏။
ရန်သူက တုတ်၊ဓား၊ လက်နက်တို့ဖြင့် ပစ်ခတ်သောအခါ
ခွေးသည်
အကျိုးတရားဖြစ်သော တုတ်၊ဓား၊ လက်နက်တို့ကိုသာ လိုက်ကိုက်၏။
အကြောင်းတရားဖြစ်သော ရန်သူကို ကိုက်သတ်ခြင်းမရှိ။
ထို့ကြောင့် တုတ်၊ဓား၊လက်နက်တို့ဖြင့် ပစ်ခတ်မှုကို အမြဲတမ်းခံရ၏။
ခြင်္သေ့သည်
ရောက်ရှိလာသော အကျိုးတရားဖြစ်သည့်
တုတ်၊ဓား၊ လက်နက်တို့ကို
ဂရုမစိုက်။
အကြောင်းတရားဖြစ်သော တုတ်၊ဓား၊ လက်နက်တို့ကို
ပစ်ခတ်သူအားသာလျှင်
ပြေးဝင်ကိုက်သတ်ပစ်လိုက်၏။
ထို့ကြောင့်တုတ်၊ဓား၊ လက်နက်တို့သည်
နောက်တစ်ကြိမ် ပြန်မလာတော့ပေ။
ထို့အတူ မိမိကို ဆဲရေးစော်ကားသူသည်
တုတ်၊ဓား၊ လက်နက်နှင့်တူသော
အကျိုးတရားသာဖြစ်၏။
မိမိသန္တာန်မှာ ဖြစ်ပေါ်လာသော ဒေါသကိလေသာကား
အပါယ်ပို့မည့် အဓိကအကြောင်းရင်းတရားဖြစ်သည်။
ပညာမဲ့သည် အကျိုးတရားဖြစ်သော ပညတ်ရန်သူကိုသာ
လိုက်လံဖြေရှင်းနေသဖြင့် သံသရာမဆုံးနိုင်တော့ပေ။
ပညာရှိကား အကြောင်းတရားဖြစ်သည့် ဒေါသကိလေသာကိုသာ
ဘာဝနာဖြင့် ပယ်သတ်လိုက်သောကြောင့် အနှောင့်အယှက်များသည်
ဘဝတစ်လျှောက်လုံး ကင်းရှင်းသွားလေသည်။
No comments:
Post a Comment