ကျောင်းဆရာဖြစ်တဲ့ ကိုအေးကိုဟာ
အိမ်နီးချင်း ဖြစ်တဲ့ခွဲစိတ်ဆရာဝန်ဒေါက်တာခင်မောင်ဝင်း
ထံကို ရောက်လာတယ်။
နှစ်ယောက်သား ဟိုအကြောင်း၊ ဒီအကြောင်းပြောဖြစ်ကြတယ်။
နောက်တော့ ဝီစကီ နှစ်ပက်စီ သောက်လိုက်ကြတယ်။
အရင်ကထက် စကားပြောကောင်းလာကြတယ်။
နောက်ဆုံးမှာတော့ ကိုအေးကို နေရာမှ ထပြီး ပြန်ဖို့ပြင်တယ်။
မိတ်ဆွေ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာခင်မောင်ဝင်းကို ကပြောတယ်။
“ ခင်ဗျားဇနီးမနန်းနန်းကို
နှုတ်ဆက်ကြောင်း ပြောပါဗျာ၊
ဒါနဲသူ နေကောင်းရဲ့လားဗျ ”
ဒီတော့မှ ကိုအေးကို ကပြောဖြစ်တာက
“ ကျနော်လာတာ တကယ်တော့ သူ့ကိစ္စခင်ဗျ၊
သူ လှေခါးက လိမ့်ကျပြီး
အခု အိမ်အောက်မှာ သတိမေ့ပြီ လဲနေတယ် ”
No comments:
Post a Comment