ပျဉ်မနားအထက်တန်းကျောင်းတစ်ခုမှာဖြစ်တယ်။
ဇီဝဗေဒဘာသာရပ်ကို
သင်ကြားပေးနေတဲ့ ဆရာဦးရွှေအေးက
ကျောင်းသားကျောင်းသူများ ပျင်းမှာစိုးတဲ့အတွက်
အပျင်းပြေ ကစားနည်းတစ်ခုကို
စဉ်းစားပြီးတပည့်များကိုပြောတယ်။
“ တပည့်တို့ကို ဆရာ စကားထာတစ်ခုဖွဲ့မယ်၊
သေသေချုာချာ နားထောင်ကြ၊
ရေမြင်း နှစ်ကောင် ပျံသွားကြတယ်။
တစ်ကောင်က အစိမ်းရောင်၊
နောက်တစ်ကောင်က အပြာရောင်၊
တစ်ကောင်က တရုတ်ပြည်ဘက် ပျံသွားတယ်။
နောက်တစ်ကောင်က ရုရှားဘက် ပျံသွားတယ်။
ကဲ…ဆရာ့အသက် ဘယ်လောက်ရှိပြီလဲ ”
လို့ ရီမောပြီး မေးလိုက်တယ်။
ကျောင်းသားအားလုံး ငြိမ်နေကြတယ်။
ဆရာ့စကားကိုနားမလည်ကြပါ။
ဘာပြန်ပြောရမှန်လည်း မသိကြပါ။
“ ကဲ… ဘယ်သူဖြေနိုင်လဲ…”
လို့ထပ်မေးလိုက်တော့
နောက်ဆုံးခုံတန်းမှာ ထိုင်နေတဲ့ လူမင်းထွန်း
လို့ခေါ်တဲ့ တရုပ်ကြီး (အိမ်နာမည်)က
“ ဆရာ့အသက် ၃၀-နှစ် ”
လို့အော်ပြောလိုက်တယ်။
“ မှန်တယ်၊
မင်းတော်တယ်၊
ဒါနဲ့ မင်း ဘယ်လိုလုပ် သိသလဲ ”
ဆရာက အံ့သြသံနဲ့မေးလိုက်ပါတယ်။
တရုပ်ကြီးပြန်ဖြေလိုက်တာက…
“ ကျနော့်အသက်က ၁၅-နှစ်ရှိပြီ၊
ပြီးတော့ ကျနော့်ကို
ဦးနှောက်တစ်ဝက် ချောင်နေတဲ့အကောင်လို့
အားလုံးကပြောကြတယ်လေ ”
No comments:
Post a Comment