တစ်နေ့မှာတော့ ဂျူးအဖိုးကြီး ဦးဂျွန်နီဟာ
လှုပ်တုတ်လှုပ်တုတ်နဲ့ အိမ်ကိုပြန်ရောက်လာတယ်။
မိန်းမဖြစ်သူ ဒေါ်ချမ်းမြက ဆီးကြိုအပြစ်တင်တယ်။
ဒေါ်ချမ်းမြက
“ ရှင် ဘယ်သွားနေတာလဲ၊
ညစာအတွက် ပြင်ထားတဲ့ ထမင်းဟင်းတွေတောင် အေးကုန်ပြီ ”
ဦးဂျွန်နီက
“ အေးကွာ၊ မြို့ထဲသွားပြီးပိတ်စ နှစ်ကိုက်ခွဲ သွားဝယ်နေတာနဲ့
အချိန်နည်းနည်းနောက်ကျသွားတယ် ”
ဒေါ်ချမ်းမြက
“ ပိတ်စက ဘာလုပ်ဖို့လဲ ”
ဦးဂျွန်နီက
“ ငါ သေရင်ဝတ်ဖို့ ရှပ်အင်္ကျီချုပ်မလို့ပါ၊
စင်္ကာပူအပ်ချုပ်ဆိုင်မှာ တစ်ခါတည်း အပ်ခဲ့ပြီ ”
ဒေါ်ချမ်းမြက
“ တခြားအပ်ချုပ်ဆိုင်မှာ အပ်ရော့ပေါ့၊
စင်္ကာပူအပ်ချုပ်ဆိုင်ဆိုရင်
ရှင့်အင်္ကျှီ
နောက်သုံးလလောက်ကြာမှ ရမှာသေချာတယ် ”
No comments:
Post a Comment