Wednesday, November 17, 2010

“ ငရဲပြည်နဲ့ နတ်ပြည်…”



တစ်ခါတုန်းက ယမမင်းဆီ

ရောက်လာသူနှစ်ဦးကို နတ်ပြည်နဲ့ငရဲပြည်ကိုသွားဖို့

စစ်ဆေးနေပါတယ်။


တစ်ဦးက လူ့ဘဝတုန်းက ဓမ္မဆရာဖြစ်တယ်။

“ လူ့ဘဝတုန်းက ဘာလုပ်သလဲ ”

လို့မေးတော့

ဓမ္မဆရာက

“ လူ့ဘဝတုန်းက တရားဟောတဲ့ ဓမ္မဆရာလုပ်ပါတယ် ”

လို့ဖြေတော့ “ ငရဲပြည်ကိုသွားစေ ”

လို့ အမိန့်ချမှတ်လိုက်ပါတယ်။


နောက်တစ်ဦးကတော

အမောင်းကြမ်းတဲ့ကားသမားတစ်ဦးဖြစ်တယ်။

“ လူ့ဘဝတုန်းက ဘာလုပ်သလဲ ”

ဆိုတော့

“ကားမောင်းသမားလုပ်ခဲ့ပါတယ် ”

လို့ ဖြေပါတယ်။

“ ဒီလို ဆိုရင် နတ်ပြည်ကို သွားစေ ”

လို့အမိန့်ချမှတ်ပါတယ်။


ဒီတော့ ဓမ္မဆရာက မကျေနပ်ပါ။

တရားဟောဆရာလုပ်သူကိုတော့ ငရဲပြည်သွားစေ ဆိုပြီး

အရက်သမားကားမောင်းသူကိုတော့

နတ်ပြည်သွားစေ ဆိုတာ မတရားဘူးလို့

စောဒကတက်ပါတယ်။


ဒီတော့ ယမမင်းပြန်ပြောလိုက်တာက

“ တရားဟောဆရာလုပ်သူက တရားဟောပေမယ့်

တရားနာသူတွေက

အဲဒီအချိန်မှာ အိပ်ငိုက်နေတယ်။

လူတွေကို ဘုရားနဲ့ဝေးစေတယ်။

ဒါကြောင့် ငရဲပြည်ကိုသွားခိုင်းရတာဖြစ်တယ်။


ကားမောင်းကြမ်းတဲ့ကားဆရာက

အမောင်းကြမ်းတဲ့အတွက် ကားပေါ်ပါလာသူတွေအားလုံး

ဘုရားတနေကြရတယ်။

ဒါကြောင့် သူဟာလူတွေကို ဘုရားနဲ့နီးစေတယ်။

ဒါကြောင့်နတ်ပြည်ကို သွားရတာဖြစ်တယ်လို့

ယမမင်းက ရှင်းလင်းပေးလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com