ကျနော်တို့ရဲ့အိမ်ထောင်သက်က နှစ်ဆယ်ကျော်ခဲ့ပြီ။
အခက်အခဲမျိုးစုံတွေ့ကြုံခဲ့ရပါတယ်။
ပြဿနာပေါင်းများစွာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
မကြခဏလည်း ရန်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကျနော်တို့ရဲ့ အိမ်ထောင်ကခိုင်မြဲလျက်ရှိနေပါတယ်။
တစ်နေ့တော့ ကျနော်က ဇနီးသည်ကို မေးကြည့်မိပါတယ်။
“ မင်း ငါ့ကို ချစ်သေးလား ”
တကယ်ဆိုတော့
ကိုယ့်ကို ချစ်တယ်ဆိုတဲ့ စကားကို ကြားချင်တာပါ။
ဘယ်နှစ်ကြိမ်ပဲ ကြားကြား
ဘယ်တော့မှ မရိုးနိုင်တဲ့ စကားလို့မှတ်ယူမိပါတယ်။
တကယ်တန်းကြားရတာက…
“ ရှင်သေသေချာချာ နားထောင်ပါ၊
ကျမက ရှင့်ဇနီး၊
ရှင်စားဖို့အတွက် နေ့တိုင်း ကျမ ချက်ပြုပ်ပေးပါတယ်။
ရှင့်အဝတ်တွေကိုလည်း လျှော်ဖွတ်ပြီး မီးပူတိုက်ပေးနေပါတယ်။
ရှင်နေတဲ့အိမ် ကိုသန့်ရှင်းဖို့ နေ့တိုင်း ကြမ်းတိုက်ရတယ်။
ရှင့်နဲ့ရတဲ့ကလေး ၆-ယောက်တောင်ရှိနေပြီ။
ကျမရဲ့အိပ်ရာဟာလည်း ရှင့်အိပ်ရာပါပဲ။
ကျမရဲ့အချိန်တွေဆိုတာ ရှင့်ရဲ့အချိန်တွေပါပဲ။
အဲဒီအခြေအနေမှာတောင် ကျမ ရှင့်ကို
ချစ်၊ မချစ် သိချင်သေးတယ် ဟုတ်လား၊
ကြားချင်သေးတယ်ဆိုရင်…
အင်း… ကျမ ရှင့်ကို ချစ်တယ်လို့ ထင်ပါတယ် ”
လို့သာ ပြန်ပြောပါတယ်။
သူမပြောတာ သူမအတွက် အမှန်တွေဆိုတာ ကျနော်သိပါတယ်။
ဒါပေမယ့် ကျနော်ကြားချင်တဲ့စကားတော့ မဟုတ်ဘူးဆိုတာ
လည်း ကျနော်ဘဲသိပါတယ်။
ကဲ…လူကြီးမင်းရော
နေ့တိုင်းကြားချင်တဲ့စကားကို တစ်သက်စာပြောလိုက်ရင်
ကျေနပ်နိုင်မလားလို့ ကျနော်သိချင်ပါတယ်။
1 comment:
:)
Post a Comment