ကျောင်းတွင် အလုပ်လုပ်နေတဲ့စိတ်ပညာရှင်တစ်ဦးဟာ
၈-နှစ်သားအရွယ်ကျောင်းသားများရဲ့ဉာဏ်ရည်ကို
စစ်ဆေးတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ပထဝီဝင် မဂ္ဂဇင်းမှ ကမ္ဘာ့မြေပုံကို ယူပြီး
အပိုင်းပိုင်း စိတ်ပိုင်းလိုက်ပါတယ်။
အပိုင်းပိုင်းပြုလုပ်ထားတဲ့ အပိုင်းများကို ၈-နှစ်သားအားပေးပြီး
ကမ္ဘာ့မြေပုံရအောင် ပြန်ဆက်စေပါတယ်။
ကလေးငယ်ဟာ မြေပုံအစိတ်အပိုင်းများကို
ခဏမျှ အသေအချာလေ့လာကြည့်ရှုပါတယ်။
အဲဒီနောက် အမှားအယွင်းမရှိပဲ
ကမ္ဘာ့မြေပုံကို လျင်မြန်စွာ ဆက်ပြလိုက်ပါတယ်။
“ ဟာ…သိပ်တော်တာပဲ ”
လို့စိတ်ပညာရှင်က ချီးကျူးပါတယ်။
“ ဒီလောက်မြန်မြန်နဲ့ အမှားအယွင်းးမရှိအောင်
သားက ဘယ်လိုလုပ်လိုက်သလဲ ”
လို့စိတ်ပညာရှင်ကမေးကြည့်ပါတယ်။
၈-နှစ်သားကလေးငယ်က
စိတ်ပညာရှင်ရဲ့ မေးခွန်းကို ပြုံးပြီး နားထောင်ပါတယ်။
“ အဲဒီပုံရဲ့ နောက်ဘက်မှာ လူပုံအကြီးကြီးတစ်ပုံရှိပါတယ်။
အဲဒီပုံကို ဆက်လိုက်ရင် ကမ္ဘာ့မြေပုံက
သူ့အလိုအလျောက် ပေါ်လာတာပါပဲ ”
လို့ ကလေးငယ်က ရှင်းပြလိုက်ပါတယ်။
No comments:
Post a Comment