တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ
နွားထီးခြောက်ကောင်ကို တစ်ဖက်ရွာတွင် သွားဝယ်တယ်။
တစ်ကောင်ပေါ်တက်ထိုင်ပြီးကျန်နွားတွေကို မောင်းကာ ရွာကိုပြန်လာတယ်။
လမ်းမှာ နွားတွေကို ရေတွက်ကြည့်တယ်။
တစ်၊
နှစ်၊
သုံး၊
လေး၊
ငါး…..
ဘယ်လိုပဲရေရေ ငါးကောင်ထက် မပိုချေ။
ဝယ်တုန်းက ခြောက်ကောင်ပဲ။
အခုမှ ဘယ်လိုဖြစ်တာတုံး။
လယ်သမားကြီးဟာရေတွက်ရလွန်းတဲ့အတွက် အာခေါင်တောင်ခြောက်လာတယ်။
ရင်ခုန်သံလည်းမြန်လာတယ်။
အိမ်ရှေ့ရောက်လာတဲ့အခါ မိန်းမ က သူ့ကို ဆီးကြိုတယ်။
“ ဝယ်တုန်းက ခြောက်ကောင်၊ ငွေချေတော့ လည်း ခြောက်ကောင်ဖိုးရှင်းလိုက်တယ်။
အခုမှ ရေတွက်ကြည့်တော့ ငါးကောင်ထဲ ဖြစ်နေမှန်းသိရတယ် ”
လို့ ငိုသံကြီးနဲ့ မိန်းမကိုပြောတယ်။
မိန်းမဖြစ်သူက အားရပါးရ ရီပြီး ပြန်ပြောလိုက်တာက
“ အင်မတန်ထုံ၊ အင်မတန်အ တဲ့ ယောက်ျားပါလား၊
နွားပေါ်က ဆင်းလိုက်၊ ပြီးတော့မှ ပြန်ရေကြည့်၊
၇- ကောင်စလုံး တွေ့ရမယ် ”
No comments:
Post a Comment