ကျနော်ငယ်စဉ်က ကျနော်တို့အိမ်မှာ
သိပ်လှပြီး အလွန်ချိုတဲ့
ပန်းသီး သီးတဲ့ ပန်းသီးပင် တစ်ပင်ရှိပါတယ်။
ချိုလွန်း၊လှလွန်းလို့
တင်စားပြီး ရွှေပန်းသီးလို့တောင်ခေါ်ပါတယ်။
အဲဒီရွှေပန်းသီးပင်က အသီး သီးနေတဲ့ အချိန်မှာ
လေပြင်းတွေကျပြီး
ပန်းသီးပင်ရဲ့ကိုင်းကြီးတစ်ကိုင်းကျိုးသွားပါတယ်။
အဲဒီလို ကျိုးသွားတဲ့အခါ
ဖေဖေ ဘာလုပ်ပါသလဲဆိုတော့
ကျိုးသွားတဲ့ကိုင်းငုတ်ကို
တိတိလေးဖြစ်အောင် ဖြတ်ပါတယ်။
အဲဒီနေရာကိုရွှံ့နဲ့အုံပြီး
အပေါ်က အဝတ်နဲ့ပတ်ထားပေးပါတယ်။
အဲဒီနေရာမှာ အမာရွတ်ပေါ်လာပြီး
လုံးဝအနာပျောက်ကင်းသွားတဲ့အထိ
ကျိုးသွားတဲ့သစ်ကိုင်းငုတ်ကို
ပတ်တီးစည်းပေးထားပါတယ်။
အဲဒီအမာရွတ်ဟာ အခုထိရှိနေပါတယ်။
ဒါပေမယ့် ရွှေပန်းသီးတွေ အသီးမပျက်ခဲ့ပါ။
အမာရွတ်ရှိလျက်
ရွှေပန်းသီးတွေ ဆက်တိုက်သီးခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်ကို လူသားတို့ရဲ့ဖြစ်ရပ်နဲ့
နှိုင်းယှဉ်ကြည့်မိပါတယ်။
တချို့လူတွေဟာ ဘဝမှာ
ဒဏ်ရာဒဏ်ချက် ပြင်းပြင်းထန်ထန်ရတတ်ပါတယ်။
အဲဒီအခါ မျိုးမှာ
ဘဝရှင်သန် တိုးတက်ရေးလမ်းကြောင်းမှ
ယာယီပြတ်တောက်သွားသလို ဖြစ်တတ်ပါတယ်။
ဘဝအမှောင်တိုက်ဖုံးတဲ့ ကာလဖြစ်ခဲ့ပါတယ်။
အင်အားချိနဲ့တဲ့ ကာလ ဖြစ်ခဲ့ပါတယ်။
တချို့အတွက်မူ
အဲဒီလို ပြင်းထန်တဲ့ ဒဏ်ရာ ရလာတဲ့အခါ
“ ငါ့ဘဝတော့ သွားပါပြီ ”
လို့တစ်ဘဝလုံးအတွက်
ခြုံပြီးသိမ်ငယ် သွားတတ်ကြပါတယ်။
ဘဝမှာ အခွင့်အလမ်းတစ်ခု ဆုံးရှုံးတဲ့အတွက်၊
ဘဝခရီးသွား လှေတစ်စီးမမှီလိုက်တဲ့အတွက်
ဘဝတစ်ခုလုံး သုံးမရတဲ့အဖြစ်မျိုး
ရောက်သွားတယ်လို့ခံစားပြီး
အရှုံးပေးလိုက်တာမျိုးဖြစ်တတ်ပါတယ်။
ဖြစ်သင့်ပါသလား?
မဖြစ်သင့်ပါ။
ရွှေပန်းသီးပင် ပင်မကိုင်းကျိုးသွားသလို
ဘဝဒဏ်ရာဆိုတာ
ဘယ်လောက်ပင်ကြီးကြီးဆက်လက်
ရှင်သန်နိုင်ပါတယ်။
အမာရွတ်ကြီးရှိလျက်
ရွှေပန်းသီးတွေ ဆက်သီးနိုင်သလို
ဒဏ်ရာမှန်သမျှ ကွယ်ပျောက်ပြီး
ဘဝဆက်လက်ရှင်သန်နိုင်ပါတယ်။
No comments:
Post a Comment