တစ်ခါတုန်းက မြို့ငယ်လေးတစ်ခုတွင်
အတင်းအဖျင်းပြောတတ်သူတစ်ဦးရှိပါတယ်။
သူမရဲ့နာမည်ကတော့  မစန်းမြင့်ဖြစ်ပါတယ်။
တစ်နေ့မှာတော့
ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်းက
သူရဲ့ကားကို အဲဒီဒေသရှိ အရက်ဆိုင်ရှေ့မှာ
တစ်ညလုံး ရပ်ထားတာကို တွေ့ပြီး အတင်းပြောပါတယ်။
နောက်နေ့မှာ
ကောလဟာလ အတင်းစကား စတင်လွှင့်ပါတော့တယ်။
အဲဒီစီးပွားရေးလုပ်ငန်းရှင်ကြီးဟာ အရက်တွေ အလွန်အကျွံသောက်ပြီး
ကားကိုပင် မမောင်းနိုင်တဲ့အတွက် အိမ်မပြန်နိုင်ဘဲ
အရက်ဆိုင်မှာပင် ညအိပ်ရတယ်လို့ အတင်းချပါတယ်။
အမှန်တကယ်ကတော့ ကားပျက်သွားတဲ့အတွက်
ကားကို ပျက်တဲ့နေရာမှာ ထားခဲ့ပြီ အိမ်ကို ပြန်ခဲ့ရခြင်းသာဖြစ်တယ်။
အဲဒီအတင်းအဖျင်းစကားကို ကြားရတဲ့ ကိုကျော်ဝင်းဟာ
ဘာမှ မပြောဘဲ အဲဒီအတင်းပြောတတ်တဲ့ မစန်းမြင့်အား
သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနေ့အလုပ်ဆင်းပြီး အိမ်ပြန်တဲ့အခါ သူရဲ့ကားကို
အတင်းပြောတတ်တဲ့ မစန်းမြင့်အိမ်ရှေ့တည့်တည့်တွင် ရပ်ခဲ့ပြီး
တစ်ညလုံး အဲဒီနေရာမှာပင် ထားခဲ့ပါတယ်။
လူများက မစန်းမြင့်ပြောတတ်တဲ့အတိုင်း
နမူနာယူပြီး အတင်းပြောပါတော့တယ်။
“ အပျိုကြီး မစန်းမြင့်ဟာ ညက ကိုကျော်ဝင်းနဲ့အတူ
တစ်ညလုံးအတူတူ အိပ်ကြတယ် ” တဲ့။
( မှတ်ချက်။ ။
နောက်ဆက်တွဲ နောက်ဆုံးသတင်းကတော့
ဆိုတာပါပဲ။)
တူညီတဲ့အကျိုးဟာ ဖြစ်ပေါ်တတ်စမြဲ ဖြစ်ပါတယ်။
သူတစ်ပါးရဲ့ မကောင်းကြောင်းကို အရေမရ အဖတ်မရ ပြောတတ်သူဟာ
ကိုယ့်ရဲ့ မကောင်းကြောင်းကိုလည်း အလားတူ ပြောကြစမြဲ ဆိုတာ
သတိထား ဆင်ချဉ်ဖို့လိုအပ်ပါတယ်။
No comments:
Post a Comment