အဘွားဆိုတာ
ကိုယ်ပိုင်မွေးထားတဲ့ ကလေးမရှိတဲ့
အမျိုးသမီးကြီးဖြစ်ပါတယ်။
အဲဒါကြောင့်
သူမဟာ အခြားလူများရဲ့ သားငယ်၊ သမီးငယ်ကလေးများကို
ကြည့်ရှုပေးဖို့သဘောကျပါတယ်။
အဘွားအိုဟာ
ကလေးကြည့်ရှုတဲ့
အလုပ်လုပ်ရန် ကလေးနားမှာ ရှိဖို့ကလွဲပြီး
အခြားဘာမှ လုပ်စရာမလိုပါ။
သူတို့ဟာ အိုနေပြီးဖြစ်တဲ့အတွက်
ပင်ပင်ပန်းပန်း မလုပ်သင့်ပါ။
မြင်းနဲ့တူအောင် လုပ်ထားတဲ့
အရုပ်နားရောက်အောင်
ကျနော်တို့အား တွန်းပို့နိုင်ရင်
ကစားစရာ ကြေးပြားတွေ အများကြီးရအောင်
ရှာပေးနိုင်ရင် လုံလောက်ပါတယ်။
များသောအားဖြင့် အဘွားတို့ဟာ ဝကြပါတယ်။
ဒါပေမယ့်
ကလေးတို့ရဲ့ ဖိနပ်ကြိုးချည်မပေးနိုင်လောက်အောင်
တော့ မဝကြပါ။
သူတို့ဟာ သိပ်ပြီး တော်စရာ၊ စမတ်ကျစရာ မလိုပါ။
ခွေးက ကြောင်ကို ဘာကြောင့်လိုက်တာလဲ၊
ကြက်ဟာ ဘာကြောင့်ဥကပေါက်တာလဲဆိုတဲ့
မေးခွန်းတွေကိုတော့
ဖြေတတ်ဖို့ လိုပါတယ်။
အဘွားတို့ဟာ
ကလေးလို စကားမပြောပါ။
ပုံပြင်တွေ ဖတ်ကြတဲ့အခါ စာလုံးတွေ ကျော်မဖတ်ပါ။
ထပ်တလဲလဲ ဖတ်ပြရတဲ့ ပုံပြင်ဖြစ်ပေမယ့်
သူတို့စိတ်ထဲမှာ ဘာမှ မဖြစ်ပါ။
လူတိုင်း
အဘွားတစ်ဦးရအောင် ကြိုးစားသင့်ပါတယ်။
အထူးသဖြင့်
သင့်မှာ ရုပ်မြင်သံကြားစက်မရှိရင်
အဘွားတစ်ဦး လိုအပ်ပါတယ်။
ဘာကြောင့်ဆိုတော့
အဘွားတို့ သာလျှင်
ကလေးများအတွက် အမြဲအချိန်ပေးနိုင်တဲ့
လူကြီးများ ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အဘွားရယ်…
ဘာကြောင့် အဘွားရဲ့မျက်နှာက
ပါးရေတွန့်နေတာလဲဟင် ။
*************************************
{Ref: ......... မိဘဆရာ မဂ္ဂဇင်းတွင် အသက်၉-နှစ်သားအရွယ်
ကျောင်းသားလေးကရေးသားပါတယ်။ }
No comments:
Post a Comment