လက်အောက်ဝန်ထမ်းကို ကုမ္ပဏီပိုင်ရှင်ခေါ်ပြီး ပြောတယ်။
“ မင်းကို သတင်းနှစ်ခု ပြောစရာရှိတယ်။
တစ်ခုကတော့ ဒီနေ့ကစပြီး
မင်းရဲ့လစာကို နှစ်ဆ တိုးပေးလိုက်တယ်။”
“ အန်ကယ့်ကို ကျနော် ဘယ်လိုကျေးဇူးတင်ရမှန်းတောင်
မသိတော့ပါဘူး ခင်ဗျား ”
“ ဒုတိယသတင်းကတော့
ဒီနေ့က စပြီးပဲ မင်းကို အလုပ်က ဖြုတ်လိုက်တယ်။
လူပျင်း၊ လူညံ့၊
ကဲ…
ဒီလောက်ကောင်းတဲ့အလုပ်ကို
မင်း လက်လွှတ်လိုက်ရတယ်ဆိုတာ တွေးတွေးပြီး ဆွေးပေတော့ ”

No comments:
Post a Comment