Tuesday, November 16, 2010

“ အခုလဲ အားကောင်းနေဆဲ…”



တစ်ခါတုန်းက ဘိုးဘွားရိပ်သာတစ်ခုမှာရှိတဲ့

အသက်တစ်ရာစီရှိကြတဲ့ အဘိုးအို နှစ်ယောက်ဟာ

စကားပြောနေကြတယ်။


အဘဦးဖိုးဉာဏ်က

“ ငါ အသက် ၈၀-နှစ်အရွယ်တုန်းကလိုပဲ

အခုလည်း ငါ အားရှိနေသေးတယ်ကွ ”


အဘဦးဖိုးအောင်က

“ ဘာကြောင့် မင်း ဒီလို ပြောနိုင်သလဲ ”


အဘဦးဖိုးဉာဏ်က

“ ဟို အနားက ကျောက်တုံးကြီးကို

တွေ့တယ် မဟုတ်လား ”


အဘဦးဖိုးအောင်က

“ တွေတယ်လေ…”


အဘဦးဖိုးဉာဏ်က

“ အေး၊ ငါ အသက် ၈၀-နှစ်အရွယ်တုန်းက

အဲဒီ ကျောက်တုံးကြီးကို ငါ မ မ,နိုင်ခဲ့ဘူး။

အခုလည်း မ မ,နိုင်ဘူး။

ဒါကြောင့် ပြောနိုင်တာပေါ့ ”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com