တစ်ခါတုန်းက
ဖေဖေ ဦးအုန်းမောင်က သားတွေကို ခေါ်လိုက်တယ်။
“ သားတို့ရေ၊
ဆရာဝန် ဒေါက်တာအောင်ဟိန်းကို ခေါ်စမ်းပါကွယ်၊
ဖေဖေ နေမကောင်းဘူး၊
ကိုယ်တွေ၊လက်တွေ မလှုပ်ချင်သလို ဖြစ်နေတယ် ”
အကြီးကောင်ဖြစ်တဲ့ မြင့်မိုရ် က
အငယ်ကောင်ဖြစ်တဲ့ တူးတူးကို တိုးတိုးလေးပြောတယ်။
“ ဟေ့ ညီလေး၊
ဒီအချိန်ဟာ ပြတင်းပေါက်မှန်ကို တို့ခွဲမိကြောင်း ဝန်ခံဖို့
အကောင်းဆုံးအချိန်ပဲကွ ”
No comments:
Post a Comment