လူ့ဘုံအောက်တွင်ရှိသော အပါယ်လေးဘုံတွင်
ဆင်းရဲဒုက္ခတွေများလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်မှ ပြုလုပ်၍ မရပေ။
လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့တွင်ကား
ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရပြန်ပေ။
ဥပမာအားဖြင့်
နတ်ပြည်၊
ဗြဟ္မာ့ပြည်တို့တွင်
အလှူခံပုဂ္ဂိုလ်မရှိသောကြောင့်
ဒါနကုသိုလ် မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်း။
နတ်ပြည်သည်
လူ့ဘဝကရှာဖွေလာသော ကုသိုလ်များကို
သုံးစွဲရာ ဈေးတန်းတစ်မျိုးသာဖြစ်သည်။
++++++++++++++++++++++++++++++++++++++++++
“ သမင်သည်
ပတ္တမြားကို မြင်သော်လည်း ဂရုမစိုက်ဘဲ
မြက်ကိုသာ စားပြီးတောတွင်းသို့ဝင်သွား၏။
ထို့အတူ ပညာမဲ့သော လူသားသည်လည်း
လူ့ဘဝကို ကုသိုလ်ရဖို့အသုံးမချဘဲ
ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍
အပါယ်လေးပါးသို့ သွားသည် ”
ဤကား
ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်တစ်ခုပင် ဖြစ်၏။
မေတ္တာရှင် ( ရွှေပြည်သာ )
No comments:
Post a Comment