သူငယ်ချင်းမ နှစ်ယောက် စကားပြောနေကြတယ်။
“ အေးအေးမိုးရေ၊
အင်မတန် စိတ်ဆင်းရဲရတဲ့
ကိစ္စတစ်ခုကို ငါ သိလိုက်ရတယ်ကွယ် ”
“ ဘာပါလိမ့် သူငယ်ချင်း ”
“ သြော်၊
ကိုအောင်ရွှေဟာ ငါ့ရဲ့ ပိုက်ဆံကို မက်ပြီး
ငါ့ကို လက်ထပ်တယ်ဆိုတဲ့ အချက်ပဲ ”
“ူနင် ဘာစိတ်ဆင်းရဲနေရတာလဲ၊
ဝမ်းတောင်သာရဦးမယ် ”
“ ဘာဖြစ်လို့လဲ ”
“ နင်ပဲ ပြောပြောနေတယ်မဟုတ်လား၊
နင့် ယောက်ျားဟာ ငထုံ၊ ငအကြီးဆို၊
အခု သူမထုံဘူး၊
မအဘူးဆိုတာ နင်သိလိုက်ရပြီလေ ”
စိတ်ဆင်းရဲပြီးရောက်လာတဲ့လူတစ်ယောက်ကို
ကိုယ့်စကားကြောင့် စိတ်သက်သာရာရအောင်
ပြောတတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။
စကားပြော အတတ်ပညာ တစ်ခုကို တတ်ထားဖို့လိုသလို
စိတ်စေတနာကောင်းဖို့လည်း လိုအပ်ပါတယ်။
ကိုယ့်ကြောင့်၊
ကိုယ့်စကားကြောင့်၊
အခြားလူ စိတ်ချမ်းသာသွားအောင်လုပ်နိုင်တာကိုက
ကုသိုလ်တစ်ခုလို့ ပြောလို့ရနေပါပြီ။
No comments:
Post a Comment