တစ်ခါတုန်းက လူငယ်ယောက်ျားလေးနဲ့ မိန်းမငယ်လေး
နှစ်ယောက်တို့ဟာ ခရီးသွားရင်းနဲ့
တစ်နေရာမှာလမ်းနှစ်သွယ်ဟာ ပေါင်းဆုံပြီး
တစ်လမ်းတည်းဖြစ်သွားပါတယ်။
လူငယ်က သူ့ကျောပေါ်တွင်ကြေးရေအိုး
တစ်ခု ကို သယ်လာပါတယ်။
လက်တစ်ဖက်တွင် လမ်းလျှောက်တုတ်တစ်ချောင်းနဲ့
ကြက်မတစ်ကောင်ကို ကိုင်ဆောင်ထားပါတယ်။
နောက်လက်တစ်ဖက်ဖြင့် ဆိတ်တစ်ကောင်ကို ကိုင်ထားပါတယ်။
ခဏအကြာတွင် သူတို့နှစ်ဦးဟာ
လျှိုမြောင်တစ်ခုကို ရောက်လာပါတယ်။
မိန်းမကလေးက ငြိမ်ငြိမ်ရပ်နေပြီး
“ ငါ အဲဒီလျှိုမြောင်ထဲ နင်နဲ့အတူ မသွားဘူး ”
လို့ ပြောပါတယ်။
“ ဘာကြောင့်လဲ ”
လို့ လူငယ်က မေးပါတယ်။
“ ငါတို့အတူ ဆင်းခဲ့ရင် နင်က ငါ့ကို ဖက်ပြီးနမ်းမှာ ”
လို့ပြောပါတယ်။
“ ငါက နင့်ကို ဘယ်လိုလုပ်ပြီး ဖက်နမ်းနိုင်မှာလဲ၊
ငါ့ ကျောပေါ်မှာ ကြေးရေအိုးကလည်း ရှိသေးတယ်၊
လက်တစ်ဖက်က ဆိတ်တစ်ကောင် ဆွဲထားရပြီး၊
ကျန်တဲ့ လက်တစ်ဖက်နဲ့ လမ်းလျှောက်တုတ်နဲ့
ကြက်မတစ်ကောင် ကိုင်ထားရတာ။ ”
လို့လူငယ်လေးက ပြန်ပြောပါတယ်။
ဒါပေမယ့် လူငယ်ယောက်ျားရဲ့စိတ်ထဲမှာရှိတာကို
သံသယရှိတဲ့ မိန်းမကလေးက
“ ဒါပေမယ့် နင်က ငါ့ကို နင့်ဆိတ်ကို ကိုင်ခိုင်းနိုင်တယ်၊
ပြီးတော့ တုတ်နဲ့မြေကို ရိုက်နိုင်တယ်၊
ကြက်မကိုလည်း ခရားနဲ့ ဖုံးထားနိုင်တယ်၊
ပြီးတော့ နင်က ငါ့ကိုဖက်ပြီးနမ်းနိုင်တာပေါ့ ”
လို့ ပြောပါတယ်။
လူငယ်လေးက
အမျိုးသမီးချောလေးကို တအံ့တသြ ချီးကျူးထောပနာ
ပြုတဲ့အကြည့်နဲ့ ကြည့်ပြီး
“ နင်မှာ အဲဒီလို ဉာဏ်ပညာရှိတဲ့အတွက်
နင် အန္တရာယ် ကင်းတာပေါ့လေ။
နင့်ကို ငါ ချီးကျူးပါတယ် ”
လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီနောက် သူတို့နှစ်ယောက်ဟာ အဲဒီလျှိုမြောင်ထဲက
အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။
No comments:
Post a Comment