ဝမ်ကောင်ဈေးထဲတွင် ဖြစ်တယ်။
လူတစ်ယောက် သီးနှံမျိုးစေ့များကို ဝယ်နေတယ်။
“ ဒီမျိုးစေ့တွေ ကောင်းပါတယ်နော် ”
“ စိတ်ချပါ၊
အင်မတန်ကောင်းပါတယ်။
ဒီမျိုးစေ့တွေကို ကျနော် အာမခံနဲ့ရောင်းတာပါ။
စိုက်ကြည့်ပါ။
အပင်ပေါက် မလာဘူးဆိုရင်
မျိုးစေ့တွေကို ပြန်ကောက်သိမ်းပြီး
ကျနော့်ဆီ ယူလာခဲ့ပါ။
ပိုက်ဆံပြန်ပေးပါ့မယ် ”
No comments:
Post a Comment