တစ်ခါတုန်းက
အလွန်ပိန်လှီတဲ့ ဂျူးတစ်ယောက် လမ်းလျှောက်လာတယ်။
အရက်မူးနေတဲ့ လူတစ်ယောက်က ဂျူးအနားကပ်လာပြီး ဘာမပြော ညာမပြောနဲ့
ဂျူးရဲ့မျက်ခွက်ကို ပိတ်ထိုးလိုက်တယ်။
ဖင်ထိုင်ရက် လဲကျသွားတယ်။
ဂျူးကမေးစေ့ကို ပွတ်ရင်း မျက်နှာငယ်နဲ့ပြန်မေးတယ်။
“ ကျနော့်ကို ဘာဖြစ်လို့ထိုးတာလဲဗျာ ”
အရက်သမားကြီးက
“ ငါတို့ရဲ့ သခင်ယေရှုကို မင်းတို့ ဂျူးတွေ လက်ဝါးကပ်တိုင်မှာ
တံစို့ရိုက်ပြီး နှိပ်စက်ညှဉ်းပန်းခဲ့တဲ့အတွက်ကြောင့် ထိုးတာဟေ့ ”
ဂျူးကြီးက
“ ဟာဗျာ၊
ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က
ဖြစ်ခဲ့တဲ့ကိစ္စပဲဗျာ ”
အရက်သမားကြီးက
“ ဘယ်လောက်ပဲ ကြာကြာကွာ၊
ဒီအကြောင်းကို ငါ ဒီနေ့မှ သိတာဟေ့ ”
No comments:
Post a Comment