သန်းကြွယ်သူဌေးတစ်ဦး ကွယ်လွန်တယ်။
သူဌေးကြီးရဲ့အလောင်းမြေချပြီးတဲ့အခါမှာတော့
ဆွေမျိုးတွေ အားလုံး
သူဌေးကြီးရဲ့အိမ်မှာ စုဝေးကြတယ်။
ကွယ်လွန်သူရဲ့ရှေ့နေကြီးက သေတမ်းစာကို
ဖတ်ကြားတယ်။
“ ကုမ္ပဏီအစုရှယ်ယာများအားလုံးကို
ကျွန်ုပ်ရဲ့ဇနီးသည်အား ပေးအပ်တယ်။
သမီးအတွက် ပင်လယ်ကမ်းစပ်ရှိ တိုက်အိမ်ကြီးကို
ထားခဲ့တယ်။
သုံးခန်းတွဲတိုက်ခန်းကို
အိမ်ဖော်မလေးရဲ့အမည်နဲ့
လွှဲပြောင်းပေးရမယ်။
ငွေဟာအရေးမကြီး၊
ကျန်းမာရေးသာ အရေးအကြီးဆုံးဖြစ်တယ်လို့
တစ်ချိန်လုံး ကျွန်ုပ်အား ပြောခဲ့သူ
ကျွန်ုပ်ရဲ့တူတော်မောင်အတွက်
“ အာဒီးဒတ်စ် ”အားကစားဖိနပ်
အသစ်ကျပ်ကျွတ် တစ်ရံထားခဲ့တယ်။
ပုံ…
XXXXXXX.
No comments:
Post a Comment