Thursday, December 16, 2010

“ အသက်ရှည်နည်း…”



အသက် ၉၀အရွယ်ရှိ အဘိုးကြီး

အဘဦးဖိုးဉာဏ် ကို

သတင်းထောက်က သူ့ရဲ့နေအိမ်မှာ အင်တာဗျူးနေကြတယ်။


“ ဒီလောက်အထိ အသက်ရှည်အောင်

အဘ

ဘာဆေးနည်းတွေကို အသုံးပြုပါသလဲ ခင်ဗျ ”


အဘဦးဖိုးဉာဏ်က

“ ဘာဆေးနည်းကိုမှ မသုံးပါဘူး။

ရှိလည်း မရှိပါဘူး။

ပြောစရာဆိုလို့အခုချိန်ထိ

အဘဟာ

ဆေးလိပ်မသောက်ဘူး။

အရက်မသောက်ဘူး။

မိန်းမလည်း မလိုက်စားဘူး ”


အဲဒီအချိန်မှာ တစ်ဖက်ခန်းကနေပြီး

အော်ဟစ်သံများ၊

ဆဲဆိုသံများ၊

ပစ်ပေါက်သံများ၊

ပန်းကန်ကွဲသံများ၊

ကို ကြားရတယ်။


“ အဲဒါ ဘာဖြစ်တာလဲ အဘ ”


“အဘရဲ့အဖေလေ၊

မကောင်းတဲ့မိန်းမတွေနဲ့သောက်စားလို့

မူးလာပြီဆိုရင် ဒီလိုပဲ သွေးဆိုးနေကျပါ ”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com