ကလေးမလေးတစ်ဦးဟာ အဘိုးဖြစ်သူနဲ့ အတူ
မြို့ပေါ်လမ်းမကြီး တစ်လျှောက် လမ်းလျှောက်နေကြပါတယ်။
အဘိုးနဲ့ မြေးမလေး နှစ်ဦးတို့ဟာ
နှင်းဆီပန်းလှလှတွေနဲ့ ပြည့်နေတဲ့ ဥယျာဉ်ခြံတစ်ခုကို ရောက်လာကြပါတယ်။
မြေးမလေးက အသက်ကို တစ်ဝကြီး ရှုလိုက်ပြီး
“ဘိုးဘိုးကြီး နှင်းဆီပန်းနံ့တွေရလား။
အနံ့လေးကမွှေးလိုက်တာနော်”
လို့ အဘိုးကို ပြောလိုက်ပါတယ်။
အဲဒီနောက် မြေးအဘိုးနှစ်ဦးတို့ဟာ အိမ်ကြီးရဲ့ အပေါ်ထပ် ဝရံတာမှာ
ထိုင်နေတဲ့ အမျိုသမီးကြီးတစ်ဦးရဲ့ အသံကို ကြားရပါတယ်။
ဒါနဲ့ပဲ မြေးလေးနဲ့အဘိုးက အသံပေးလိုက်ပြီး နှင်းဆီပန်းနည်းနည်းပေးဖို့တောင်းလိုက်ပါတယ်။
အမျိုးသမီးကြီးက
“ရှင်တို့ ယူချင်သလောက် ယူသွားကြပါ”
လို့ လှမ်းပြောပါတယ်။
အဲဒါကြောင့် အဘိုးနဲ့ မြေးငယ်လေးတို့ဟာ
နှင်းဆီခြံထဲက နှင်းဆီပန်းတစ်ချို့ကိုခူးယူပြီး
အမျိုးသမီးကြီးကိုကျေးဇူးတင်ကြောင်းပြောရင်း
လှပမွှေးကြိုင်တဲ့ နှင်းဆီပန်းများကို ချီးကျူးစကားပြောပါတယ်။
အဲဒီအခါ အိမ်အထက်က အမျိုးသမီးကြီးက
“ကျမဒီနှင်းဆီတွေကို အခြားလူတွေ စိတ်ချမ်းသာ ပျော်ရွှင်စေဖို့အတွက်
တမင်စိုက်ထားတာပါ။
ကျမကိုယ်တိုင်က ဒီနှင်းဆီပန်းတွေကို မမြင်ရပါဘူး။
ကျမက မျက်မမြင်တစ်ယောက်ပါ”
လို့ ပြောလိုက်ပါတယ်။
No comments:
Post a Comment