တာချီလိတ်မှ လားဟူလူမျိုး ကိုအကြိုင်ဟာ
ကိုယ်ပိုင် ကားကို မောင်းပြီး ရန်ကုန်မြို့ကို ဝင်သွားပါတယ်။
ယာဉ်ထိန်းရဲကကားကိုတားပြီးပြောတယ်။
“ ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုပြီးမောင်းလာတယ်။
ဘာကြောင့်လဲဆိုတာ မြန်မာစာနဲ့ ရှင်းလင်းချက်ရေးပါ ”
ကိုအကြိုင်က
“ကျနော် မြန်မာစာမှမတတ်ဘဲ ဘယ်လိုလုပ် ရေးရမှာလဲ ”
လို့ပြန်ပြောပါတယ်။
“ ဆင်ခြေမပေးနဲ့၊
မြန်မာဘာသာနဲ့ ရှင်းလင်းချက်ရေး၊
ဒါပဲ ”
ကိုအကြိုင် အတော်စိတ်ညစ်သွားတယ်။
ရန်ကုန်မြို့ကိုလာမိတာ မှားပြီထင်တယ်။
ကိုအကြိုင်ဟာတိုင်းရင်းသားဖြစ်တာမို့ မြန်မာစာ မတတ်ပါ။
မြန်မာစကားကိုပင် လည်လည်ဝယ်ဝယ် မသိပါ။
တစ်လုံးစ၊ နှစ်လုံးစသာသိသူဖြစ်တယ်။
မော်တော်ပီကယ် (ယာဉ်ထိန်းရဲ)ကိုလည်း ဘယ်လိုမှ ရှင်းမရ။
ယာဉ်ထိန်းရဲကလည်း အင်မတန် ခေါင်းမာလှတယ်။
နောက်ဆုံးမှာတော့ ကိုအကြိုင်ဟာ
စာရွက်အလွတ်တစ်ရွက်ကြားမှာ
ငါးထောင်တန်တစ်ရွက်ကို
ညှပ်ထည့်ပေးလိုက်တယ်။
ပြီးတော့
ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်တယ်။
ယာဉ်ထိန်းရဲက စာရွက်ကို ဖြန့်လိုက်တယ်။
ငါးထောင်တန် ငွေစက္ကူကို
တွေ့တဲ့အခါမှာတော့ ကိုအကြိုင်ကို ပြောတယ်။
“ မြန်မာစာ မတတ်ဘူးလို့ ဘာဖြစ်လို့ပြောတာလဲ။
အခုတောင် တစ်ဝက်တောင်ရေးပြီးပြီပဲ၊
ဆက်ရေးလိုက်ဦး ”
No comments:
Post a Comment