ပညာရှင်တစ်ဦးက
“ပျော့ပျောင်းမှုဟာ စွမ်းအားဖြစ်တယ်”
လို့ မိတ်ဆွေကို ပြောပြပါတယ်။
ပညာရှင်က သူရဲ့ပါးစပ်ကို ဟပြပါတယ်။
“သူ့မှာ သွားတွေရှိသေးလား ”
လို့ မိတ်ဆွေကို မေးလိုက်ပါတယ်။
မိတ်ဆွေက
“သွားတွေ မရှိတော့ပါ”
လို့ပြန်ဖြေပါတယ်။
ပညာရှင်ကထပ်မေးလိုက်ပါတယ်။
“လျှာကောရှိသေးလား”
မိတ်ဆွေက
“လျှာတော့ ရှိနေပါတယ်”
လို့ဖြေလိုက်ပါတယ်။
“အဲဒါသာကြည့်ပါတော့ မိတ်ဆွေ၊
လျှာဟာ သွားထက်ရပ်တည်နိုင်စွမ်းရှိပါတယ်။
လျှာက လိပ်နိုင်တယ်။
အထက်လှန်၊အောက်စိုက်၊ ဘေးထိုးအမျိုးမျိုးလုပ်နိုင်ပါတယ်။
လမ်းမှာ အခက်အခဲတွေ့ရင်လည်း ကျော်လွှားနိုင်ပါတယ်။
လျှာကဘယ်တော့မှ သွားကို မကိုက်ပါဘူး။ ”
လို့ ပညာရှင်ကြီးက ရှင်းပြလိုက်ပါတယ်။
No comments:
Post a Comment