တစ်ခါတုန်းက ဓာတုဗေဒ ပါမောက္ခ ဒေါက်တာ ဦးဆန်နီ ဟာ
စာသင်ခန်းထဲ ဝင်လာပြီး
သူ့လက်ထဲမှာတော့
“ဗိုင်အိုလက်ရေမွှေး”
တံဆိပ်ပါတဲ့ ပုလင်းတစ်လုံးကို
တပည့်တွေအားလုံးမြင်အောင်ကိုင်ထားပါတယ်။
ဆရာက ပုလင်းအဖုံးကိုဖွင့်ပြီး ရေမွှေးနံ့ကို ရတာနဲ့တစ်ပြိုင်နက်
လက်ထောင်ပြဖို့ တပည့်တွေအားလုံးကို ပြောလိုက်ပါတယ်။
ပါမောက္ခက ရေမွှေးပုလင်းအဖုံးကို ဖွင့်လိုက်ပါတယ်။
နောက်ထပ် ၁၅စက္ကန့်ကြာတဲ့အခါ
ရှေ့ဆုံးတန်းက
ကျောင်းသားအားလုံးရဲ့လက်များမြောက်တက်လာပါတယ်။
နောက်ထပ် စက္ကန့်၃၀ ခန့်အကြာတွင်
တစ်တန်းလုံးရဲ့ ၇၅% ဟာ ရေမွှေးနံ့ ရကြောင်းလက်များ ထောင်ပြကြပါတယ်။
တကယ်တော့
အဲဒီပုလင်းတွင် တံဆိပ်သာ ကပ်ထားသော်လည်း
ပုလင်း အထဲမှာ ရေမွှေးလုံးဝမပါ ပါ။
ရေသာထည့်ထားပါတယ်။
ဒီအဖြစ်အပျက်က ဘာကိုထောက်ပြပါသလဲ..?။
မြင်ပြီး
အထင်နဲ့ ဆုံးဖြတ်တာဟာ
အမြဲတန်းမမှန်ဘူးဆိုတာကို ထောက်ပြပါတယ်။
လူအများစုဟာ
အထင်နဲ့ဆုံးဖြတ်တာတွေကိုအများဆုံးလုပ်တတ်ကြတယ်။
မြင်တိုင်းရော မှန်သလား...။
သတိနဲ့ဉာဏ်မပါရင် မမှန်နိုင်ပါဘူး။
အရေးကြီးတဲ့အကြောင်းအရာများကို
လူအများစုက အထင်နဲ့ဆုံးဖြတ်နေတာကိုတွေ့တာကိုက
အံသြစရာကောင်းလှပါတယ်။
သတိနဲ့ဉာဏ်မပါရင်
အမှားမကင်းနိုင်တဲ့ ဇာတ်လမ်းတစ်ပိုဒ်ကို
တင်ပြခြင်းဖြစ်ပါတယ်။
No comments:
Post a Comment